မင်း ငါနဲ့ လက်ထပ်ပီးရင်
မင်း ငါ့စကားကို နားထောင်ရမယ် ကြားလား
မနက်ဆိုရင် မင်း အစောကြီး မထနဲ့
အိပ်ရေး မဝလို့ ညည်းနေရင် ငါဘဲ နားငြီးရတယ်
ငါ့ဘာသာ စောစော ထမင်းထ ချက်မယ် ဟင်းချက်မယ်
မခိုင်းရက်လို့ မဟုတ်ဘူး
မင်းချက်လို့ အပူတွေ ဘာတွေလောင်ရင် ငါပဲ အလုပ်ရှုပ်မှာကွ
အဲဒီတော့ ငါ့ဘာသာပဲ ချက်မယ်
ကိုယ့်ဘာ့သာ အေးဆေးနေ ကြက်သွန်တေ ဘာတွေလည်း ဝိုင်း မနွှာနဲ့
တကယ်လို့ ဓားထိရင် ဆေးထည့် ဘာထည့်နဲ့
ပိုက်ဆံလည်း အပိုကုန်တယ် ငါပဲ လုပ်မယ်
နေ့ခင်းမှ ငါ မင်းကို အာဘွား ပေးပီး လာနှိုးမယ်
တမျိုး မထင်နဲ့ ယူပီးမှ အချိုးတွေ ပြောင်းတယ် ထင်မှာ စိုးလို့
မင်းနိုးလာရင် မျက်နှာကို ချက်ချင်း သစ်
သွားတိုက်ဆေးနဲ့ သွားပွတ်တံ ယူပေးထားတာတောင် သောက်ပျင်း မကြီးနဲ့
ပီးရင် ဆာတယ် ဆာတယ်နဲ့ လာ ညည်း မနေနက်
ချက်ပြုတ်ပီးပီ ကိုယ့်ဘာသာကိုယ်လည်း ထည့်စားမနေနဲ့
ဟင်းနည်းရင် အာဟာရ မဖြစ်ပဲ နေမယ်
ခူးပေးတာစား ပြန်မပြောနဲ့ ကြားလား
ငါအဝတ်တွေ သွားလျှော်လိုက် ဦးမယ်
မင်း ထမိန်နဲ့ အတွင်းခံတွေကော ခြင်းထဲမှာ မို့လား
ငါလျှော်လိုက်မယ် မင်းလျှော်ရင် လက်မပြောင်မှာစိုးလို့
အေး ထမင်းစားပီး အေးဆေး ကွကိုယ်သာ TV ကြည့်နေ
အပျင်းပြေစားဖို့ အချဉ်ထုတ်တွေ ရေခဲသေတ္တာထဲမှာ ရှိတယ်
ငါ့အနား လာမရှုပ်နဲ့ ကြားလား
ညနေတောင် စောင်းပီ
မင်း ဗိုက်ဆာနေပီ မလား
ငါထမင်း ခူးပီးပီ ငါနဲ့ အတူတူ လာစား ပြန်မပြောနဲ့
ပန်းကန်တွေ သိမ်းရတာ အလုပ်ရှုပ်လို့ စားပီး ဒီတိုင်း ထားခဲ့
ငါ့ဘာသာ ငါဆေးမယ် မပြောင်မှာစိုးလို့
မင်းထိရဲ ထိကြည့် ငါ့အဆိုးမဆိုနဲ့
ငါ့မှာ လက်ပါတယ် ငါ့ဘာသာ လုပ်မယ်
ကိုယ့်ဘာသာ အိပ်ယာထဲ Facebook သွားသုံးနေစမ်း
ပြီးရင် အိပ်ယာ ခင်းပေးမယ်
မင်းအိပ်ယာ ခင်းရင် ဟိုရွဲ့ ဒီရွဲ့နက် ငါ မအိပ်တတ်ဘူး
ဟော တွေ့လား နေ့လည်ကTV တွေ ကြည့်ပြီး
ခု ဇာတ်ကြော တွေ တက်နေပီ မလား
လာစမ်း ငါနှိပ်ပေးမယ် မသက်သာရင် ဆေးခန်းသွားမယ်
တစက်မှ အသံ မထွက်နဲ့
သူများ သားသမီးကို ယူတုန်းက ယူပီး ပစ်ထားတယ်လို့ အပြော မခံချင်ဘူး
ဘာလဲ မင်းအိပ်မပျော်သေး ဘူးမလား
ငါပဲ ချော့သိပ်ပေးမယ်
မင်း မြန်မြန်အိပ်လေ ငါနားညီး သက်သာလေဘဲ
တနေ့လုံး မင်းကို အနားယူခိုင်းတာ
မင်းအပင်ပန်း မခံနိုင်တာ ငါသိလို့
ငါ ဒီလောက်ဘဲ ပြောမယ် ပြန်မပြောနဲ့
မင်းဘာသာ မင်း အေးအေးဆေးဆေး မပင်ပန်းအောင်နေ
နဲနဲလေး ပင်ပန်းတယ် ပြောကြည့်စမ်းပါ
ငါမင်းကို အသက်မရှူနိုင်အောင် နမ်းပစ်မှာ
မှတ်ထား အသံတစက် မထွက်နဲ့
TZH ( ဖြူးသားလေး )
Post a Comment