Header Ads

ဒီလိုမိန်းမမျိုးတော့ ရှားလိမ့်မယ်


မိန်းမတွေ မရှားဘူး ဆိုတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ဒီဘက် ခေတ်မှာဆို မိန်းခလေး မရှားတော့ဘူး ဆိုတာ ဟုတ်ကို ဟုတ်နေတာပါ ။

ကားကောင်းတစီး ဖုန်းကောင်းကောင်း တလုံး သုံးနိုင်ပီး ကြွယ်တဲ့ ယောက်ျား တယောက် အတွက် စော်တယောက် ရဖို့ဆိုတာ မခက်ပါဘူး ။

ဒါပေမဲ့ ပိုက်ဆံ မရှိတဲ့ အခိုက်တန့် ၊ လမ်းဘေး ဆိုင်တွေမှာ မုန့်လိုက်စားေ ပးမယ့် မိန်းမမျိုးတော့ ရှားလိမ့်မယ် ။

မိဘတွေ နဲ့ ပြဿနာ တက်တိုင်း ကိုယ့်ဘက်က ရပ်တည်ပီး အပြုံးမပျက် နှစ်သိမ့် ပေးမယ့် မိန်းမ မျိုးတော့ ရှားနေ လိမ့်မယ် ။

နှစ်ပါတ်လည် နေ့တွေမှာ ၊ မွေးနေ့လို နေ့မျိုးမှာ ကိုယ့်ဆီက ဘာလက်ဆောင်မှ မမျှော်လင့်ဘဲ ဘေးမှာ အတူ ရှိရုံနဲ့ ကျေနပ် ပျော်ရွှင်နေ တတ်တဲ့ မိန်းမ မျိုးတော့ ရှားလိမ့်မယ် ။

ကိုယ့် ကောင်းစားနေချိန် မှာပဲ ဖြစ်ဖြစ် ၊ ရှုံးနိမ့်နေတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် ကိုယ့်ကို လက်တွဲ မဖြုတ်စတမ်း ဖေးကူပေးမယ့် မိန်းမမျိုးတော့ ရှားနေ လိမ့်မယ် ။

အမျိုးသမီး 10 မှာ 8 လောက်က ပစ္စည်းဥစ္စာတွေကို မက်မောပြီး တွဲတတ်တဲ့သူ တေမို့ ဘေးမှာ ဘယ်အရာမှ မမက်မောဘဲ အနစ်နာခံပြီး ဆိုးသမျှ သည်းခံပေးတတ်တဲ့ မိန်းမမျိုးတော့ ရှားလိမ့်မယ် ။

ဟုတ်တယ် စော် မရှားပါဘူး ... အဲ့လို မိန်းမ မျိုးတော့ ရှားလိမ့်မယ်

တချို့အရာတွေက အရမ်း တန်ဖိုးရှိတယ်ဆိုတာ ဆုံးရှုံးသွားမှ တဖြည်းဖြည်း သိလာတာ မျိုးပါ

Credit

No comments

Powered by Blogger.