Header Ads

ကျမယောင်္ကျား ပြန်လာပီ..


လင်မယား နှစ်ယောက် ညဘက် အိပ်ပျော်နေစဉ် အောက်ထပ် တံခါးကို တွန်းတိုက် ဖွင့်သံကြားလိုက်ရသည်။

အိပ်ရေးဆတ်တဲ့ မိန်းမဖြစ်သူက ရုတ်တရက် အလန့်တကြားဖြစ်ပြီး နိုးလာကာ ဘေးမှာ အိပ်ပျော်နေသည့် သူ့ယောက်ျားကို အိပ်ချင်မူးတူး ကယောင်ကတန်းနှင့်

" သွား သွားတော့ မြန်မြန်ပြေးတော့.. ကျမ ယောက်ျား ပြန်လာပြီ "

ဟု အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်သည်။

ယောက်ျားဖြစ်သူကလည်း အိပ်ချင်မူးတူးနဲ့ လန့်ဖျန့်ပြီး ဘုမသိဘမသိနဲ့ သူနဲ့နီးရာ အိပ်ခန်း ပြတင်းပေါက်ကနေ ဝုန်းကနဲ ခုန်ဆင်း ပြေးလိုက်လေတော့၏ ။

တအောင့်လောက် ကြာပြီးနောက်… သူသည် တစ်ကိုယ်လုံး စုတ်တိစုတ်ပြတ် ဖုန်အလူးလူးနဲ့ အိမ်ရှေ့ တံခါးကနေ ပြန်ဝင်လာရင်း မိန်းမကို ဒေါသတကြီး အော်ဟစ် အပြစ်တင် ပြောလိုက်သည် ။

” ကျမ ယောက်ျားပြန်လာပြီ ပြေးပြေး ပြေးတော့ လို့ပြောရအောင် ငါက မင်းယောက်ျား မဟုတ်လို့လား.. မိန်းမယုတ်! လင်ငယ်နေ ဖောက်ပြန်နေတယ်”

မိန်းမ ဖြစ်သူကလည်း ပြန်အော် ပြောလေ၏ ။

" ဘာ! ကျမက ပြေးဆိုတာနဲ့ ရှင်ကရော ဘာလို့ ဘုမသိဘမသိ ကမူးရှူးထိုး ထပြေးရတာလဲ။ အယုတ်တမာကြီး… ကွယ်ရာမှာ မဟားငယ် ထားနေတယ်" ဟူသတတ်။

………………………

ဘာသာပြန်-Thet Khaing

No comments

Powered by Blogger.