မျက်နှာကြီးရာ ဟင်းဖတ်ပါ
" ဟဲ့ ကလေး ကြက်ဥ ဘယ်လို ရောင်းလဲ "
" တလုံး 150 ပါ အမ "
" 5 လုံး 600 ထားလိုက် "
" ဟင့် မလုပ်ပါနဲ့ အမ ရယ်.. အဲ့ဒါဆိုရင် ကျနော့် အရင်းနား ရောက်နေပြီ "
" ဟင့်အင်း 600 ရရင် ယူမယ် မရရင် မယူဘူး.. သွားမယ်အေ "
" အင်း အင်းပါ အမရယ် ... ယူသွားပါဗျာ.. ဈေးဦးပေါက်မို့ ရောင်းပေးလိုက် ပါ့မယ် "
အဲ့မိန်းမဟာ ကလေး ထုပ်ပေးတဲ့ ကြက်ဥ ငါးလုံးကို ယူပီး 500 တန် တရွက်နဲ့ 100 တန် တရွက် ဖတ်ကနဲ ပစ်ပေးပြီး ခေါင်းမော့လို့ အောင်နိုင်သူဟန် အပြည့်နဲ့ ဈေးထဲကို ဆက်ဝင်သွား ပါတယ်။
ညနေခင်းမှာတော့ အဲ့မိန်းမဟာ သူ့ ယောက်ျားနဲ့ မြို့ထဲက စားသောက်ဆိုင် ကောင်းကောင်း တခုမှာ ထွက်စားကြတယ် ။
ဖြစ်ချင်တော့ ကြက်ဥသည် ကလေးဟာ အဲ့ဒီ စားသောက်ဆိုင်မှာ အချိန်ပိုင်း စားပွဲထိုး ဝင်လုပ်နေတဲ့ အချိန် အဲ့မိန်းမကို မြင်တော့ ချက်ချင်းပဲ မှတ်မိ သွားတယ် ။
ဒီလိုနဲ့ အဲ့ဒီလင်မယား စားပီး ငွေရှင်းတော့ စားပွဲထိုး ကလေး ဟာ ဘေလ် စာရွက်ကို ယူလာ ပေးတယ် ။
ဒီမှာ အဲ့မိန်းမက ပိုလို့ ပြန်အမ်းတဲ့ ပိုက်ဆံ 150 ကို ယူလိုက် ဖို့ ပြောပြီး အတင်း ပေးရင်း ခေါင်းမော့လို့ ဆိုင်ထဲက ထွက်သွားပါတယ် ။
စားပွဲထိုး ကလေးလေး အတွက် လောကကြီးဟာ တကယ် နားလည်ရ ခက်သွား ခဲ့တယ်။
" ပိုက်ဆံ 150 "
" မနက်က လုံးဝ ပေးဖို့ ဆန္ဒ မရှိဘူး.. ညနေ ကျတော့လည်း အတင်း ပေးသွားတယ်.. ဘာတွေလဲ ကွာ နားမလည် တော့ဘူး "
ဒီ့ထက် ပိုပီး နားမလည် နိုင်တာက သူ့ရဲ့စိတ်
" ပိုက်ဆံ 150 ချင်း အတူတူကို မနက်က မရလိုက်တဲ့ 150 ကို တသသ ဖြစ်နေသလောက် ခု 150 ကို ငါ ဘာလို့ မမက်တာ ပါလိမ့် " လို့ ကလေးကလည်း တွေးမိနေ ပါတော့တယ် ။
လောကကြီးမှာ လူတချို့ဟာ မရှိ ဆင်းရဲသား ဈေးသည်လေးတွေ ဆီကတော့ မတရား ဆစ်ကြပြီး လူချမ်းသာ ဈေးသည် ဆီမှာ ငွေဖြုန်းတတ် ကြတယ် ။ ကျနော်တို့ အားလုံး မျက်နှာ ကြီးရာ ဟင်းဖတ် ပါ လူမျိုးများ မဖြစ် ကြပါစေနဲ့ ။
KyawNge
Post a Comment