A သွေးလေးတွေအကြောင်း သိကောင်းစရာ
A သွေးလေးတွေရဲ့ 👉 စိတ်က ဓားလိုပဲ ပြတ်တယ်။ ဂိတ်ဆုံးထိ သည်းခံတတ်တယ်။ လွန်လာရင်တော့ ပြန်ချေပလိုက်ရမှ ကျေနပ်ကြတယ်။ စိတ်ဆိုး၊ ဒေါသထွက်ရင် ခဏလေးနဲ့ ပြန်ပြေသွား တတ်ပေမယ့် စိတ်နာသွားရင်တော့ ဆွေမျိုးတောင် ပြန်လှည့်မကြည့် တတ်ကြဘူး။
A သွေးလေးတွေက 👉 သူငယ်ချင်း အများကြီး မရှိဘူး။ ရှိတဲ့ သူငယ်ချင်းကိုပဲ စိတ်ရင်းနဲ့ ပေါင်းတယ်.. သူငယ်ချင်းတွေ အတွက်ဆို အတိုင်ပင်ခံ အမတ်လေးနဲ့ တူတယ်.. ဘာမဆို တိုင်ပင်လို့ရတယ်.. အကောင်းဆုံး အကြံပေးတတ်ကြတယ်.. မပြောပလောက်တဲ့ ကိစ္စဆိုရင် ဟာသနှောပြီး တစ်ဖက် သူငယ်ချင်းကို အာရုံပြောင်းပေးလိုက်ကြတယ်☺
A သွေးလေးတွေက 👉 စိတ်အားငယ်ပြီး နားလည်ရခက်တဲ့ သွေးပိုင်ရှင်တွေပါ.. သူတို့ကို စိတ်ရှည်ရှည်နဲ့ နားလည် နှစ်သိမ့်ပေးနိုင်မယ့် လူတစ်ယောက် အမြဲ လိုအပ်ပါတယ်.. ဘာလို့လဲဆိုတော့ စိတ်ဓာတ်တက်ကျ အရမ်းလွယ် အရမ်းမြန် တတ်ကြလို့ပါ.. လက်တွေ့မှာတော့ ကိုယ်ကိုယ်ကိုပဲ အားပေးနှစ်သိမ့် နေတတ်သူတွေပါ..
A သွေးလေးတွေက 👉 ကိုယ့်ကို လိမ်နေတယ် ဆိုတာ ကြိုသိနေ တတ်ကြပါတယ်.. ဒါပေမဲ့ ပြောလိုက်ရင် တစ်ဖက်သား ရှက်သွားမလား ဆိုတဲ့စိတ်နဲ့ သိရက် အလိမ်ခံတတ်ကြပါတယ်..
A သွေးလေးတွေက 👉 လူတိုင်းကို တော်ရုံ မျက်လုံးချင်း ဆုံပြီး စကားမပြောတတ်ကြဘူး.. သူတို့ကိုလည်း တော်ရုံဘယ်သူမှ မျက်လုံးချင်း စူးစိုက် မကြည့်နိုင်ကြဘူး..
A သွေးတွေရဲ့ ဆွဲဆောင်မှုက ဆိုလားပဲ.. Aသွေးလေးတွေက 👉 အိပ်ကောင်းတုန်း လာနှိုးတဲ့အချိန် 👉 ကတိ ဖျက်ခံရတဲ့အချိန် 👉 သစ္စာဖောက် ခံရတဲ့အချိန် 👉 အကြာကြီး စောင့်ရတဲ့အချိန် အဲ့လို အချိန်မှာ ပေါက်ကွဲမှုက လက်ပစ်ဗုံးလောက်တော့ သနားတယ်..
A သွေးလေးတွေက 👉 ကိုယ့်ကို အသားလွတ် လာတိုက်ခိုက်ရင် တုံ့ပြန်သင့်တယ် ထင်ရင် တုံ့ပြန်ပါလိမ့်မယ်.. မပြောပလောက်တဲ့ ကိစ္စလို့ ထင်ရင် အေးဆေး နှုတ်ဆိတ် နေပါလိမ့်မယ်။
A သွေးလေးတွေက 👉 ခရီးထွက်ရတာ၊ သီချင်း နားထောင်ရတာကို အရမ်းသဘောကျ တတ်ကြပါတယ်။ သီချင်းတစ်ပုဒ် ကြိုက်ရင် နောက်ကြိုက်တဲ့ သီချင်းအသစ် မတွေ့မချင်း ထပ်တလဲလဲ နားထောင် တတ်ကြပါတယ်။
A သွေးလေးတွေက 👉 သူတို့ရဲ့ အားနည်းချက် သူတစ်ပါး သိသွားမှာ အရမ်း ကြောက်တတ်ကြပါတယ်..
A သွေးလေးတွေက 👉 ချစ်သူအပေါ် လိုတာထက် ပိုသဝန်တို တတ်ကြပါတယ်.. သူ့ချစ်သူကို ဆတ်ဆတ်ထိ မခံကြဘူး။စနောက်လို့မရဘူး.. ချစ်သူနဲ့ ပတ်သတ်ရင် အစွဲအလမ်း ကြီးတတ်ကြတယ်။ အသေးအဖွဲ့ ကအစ အလေးအနက် ထားတတ်ကြတယ်..
တခါတလေ စိတ်ကောက်နေပေမဲ့ ချစ်သူစိတ်ပျက်မှာ ဆိုးလို့ ဘာမှမဖြစ်ဘူးလို့ လိမ်လေ့ ရှိတယ်.. ချစ်သူကို အပြင်မှာ နူးနူးညံ့ညံ့ မဆက်ဆံ တတ်ကြပေမဲ့ တကယ်တမ်းတော့ ရင်ထဲမှာ ချစ်သူထက် ပိုပြီး ချစ်ခင်ကြင်နာ တတ်ကြပါတယ်...
A သွေးလေးတွေ 👉 အများအားဖြင့် အမုန်းကို လျှိုဝှက်ထား တတ်ကြပါတယ်... လူတစ်ယောက်ကို အေးစက်စက်ကြည့်နေပြီ ဆိုရင်တော့ အဲ့လူကို သေလောက်အောင် မုန်းနေပါပြီ။
A သွေးလေးတွေက 👉 စိတ်ဆိုးသွားရင် ဘာစကားမှ မပြောတော့ဘဲ တိတ်ဆိတ် သွားတတ်ကြတယ်... မေးကြည့် စိတ်မဆိုးဘူးပဲ ပြန်ဖြေလိမ့်မယ်.. တခြားဘာမှ ထပ်မပြောကြတော့ဘူး။
A သွေးလေးတွေက 👉 တစ်ယောက်တည်း နေရတာ သဘောကျပြီး အဆွေးသီချင်းတွေ ကြိုက်တတ်ကြတယ်.. လူစည်ကားတဲ့ နေရာဆို မသွားတတ်ကြဘူး.. လူနည်းနည်း များလာရင် အလိုလို စိတ်ရှုပ်လာတတ်ကြတယ်။
A သွေးလေးတွေက 👉 အမှား တစ်ခုခု လုပ်ပြီးရင် သူတို့ မဟုတ်သလိုပဲ ခပ်တည်တည်နဲ့.. အစအနောက် သန်တာလည်း ၂ယောက် မရှိဘူး.. သူများ စိတ်ကသိကအောင့် ဖြစ်အောင် လုပ်တဲ့ နေရာမှာလည်း ကျွမ်းကျင် ပါရဂူလေးတွေ ပါဗျာ။
Aung
Post a Comment