(7) ရက်သားသမီးများအတွက် ဆရာကျော်ဆန်းလွင်ရဲ့ တပတ်စာဟောစာတမ်း
တနင်္ဂနွေ သားသမီးများ
ကံကောင်းသည်ဟု မဆိုနိုင်သေးပါ။ စိတ်ဖိစီးမှု ခံနေရမည်၊ တာဝန်ခံရမှု များနေလိမ့်မည်။ စီးပွားရေး အခြေအနေ တိုးတက်နေလိမ့်မည်။ မိသားစုဝင်များနှင့် ကတောက်ကဆဖြစ်သော်လဲ ထောက်ပံ့ကူညီအားပေးမှုကို ရမည်။
စက်ပစ္စည်းဖြင့် အကျိုးပေးမည်။ ပညာရေး၌ စိတ်တိုင်းကျမည် မဟုတ်ပါ။ မိတ်ဆွေများကို အကြောင်းပြု၍ မိမိထိပါးပြောဆို ခံရတတ်သည်။ အာရုံကြောအားနဲခြင်း ခံစားရတတ်ပါသည်။ အချစ်ရေးကိစ္စများ အဆင်ပြေရိပ်သန်းလာမည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်၏ အကျိုးကျေးဇူး ခံစားရလိမ့်မည်။
ယတြာ။ ။ ဘုရားတွင် စံပယ်ပန်းကပ်လှူပါ။
တနလာၤ သားသမီးမ်ား
ကျန်းမာရေး ဂရုစိုက်ရမည်။ အလိုမကျ အမျက်ထွက် လွယ်နေပါမည်။ ကြီးကဲသူများကြောင့် အကျိုးကျေးဇူးခံစားရမည်။ မိမိကို ထောက်ပံ့ အားပေးကြမည်။ စက်ပစ္စည်းနှင့် ပတ်သက်၍ စိတ်ညစ် ရတတ်သည်။
ပညာရေးနှင့် ပတ်သက်သော စီးပွားရေးကိစ္စများ အဆင်ပြေ ဖြစ်ထွန်းမည်။ ချောင်းဆိုး၊ သလိပ်ထွက် ဖြစ်ပါက ကြာရှည်လိမ့်မည်။ အချစ်ရေး အိမ်ထောင်ရေးများ အညံ့ထဲ၌ ရှိနေပေလိမ့်မည်။
ယတြာ။ ။ ခွေးကို ထန်းလျက်စသော စသော စားစရာ စွန့်ကြဲပါ။
အင်္ဂါ သားသမီးများ
ဦးစီးဦးဆောင် ဆောင်ရွက်ပြုမူနေရမည်။ ဝင်ငွေအရ နည်းစေကာမူ ကံ အထောက်အပံ့ကြောင့် အလုပ်အကိုင် ဖြစ်ထွန်းလာလိမ့်မည်။ ဝန်ထမ်းဖြစ်ပါက အလုပ်ပိ နေသော်လဲ မျက်နှာကောင်း ရလိမ့်ဦးမည် မဟုတ်ပါ။ မိတ်ဆွေအသစ်များ တွေ့ရမည်။
ပညာရေး၌ စိတ်ပါဝင်စား အားတက်နေမည်။ မိသားစုအရေး အဆင်ပြေလာမည်။ ကျန်းမာရေး အသက်ဓာတ် အားနည်းနေသော်လဲ ၎င်းသည် စိုးရိမ်ဖွယ်မရှိပါ။ အချစ်ရေး၌ ရန်ပေါ်ခြင်း သို့မဟုတ် စိတ်ကုန်သည့် အတွေးများ ဖြစ်ပေါ်မည်။ အိမ်ထောင်ရေး သင့်ပါသည်။
ယတြာ။ ။ စေတီတဆူဆူ၌ အောင်သပြေညွှန့်များ တင်လှူပါ။
ဗုဒ္ဓဟူး သားသမီးများ
မိမိကသာ မိသားစု, အသိုင်းအဝိုင်းကို သိတတ်ပေးဆပ်နေရကြောင်း ခံစားနေရမည်။ ကံညံ့နေပါသဖြင့် အစစသတိထား လုပ်ကိုင်ပါ။ လုပ်ငန်းရွေ့ပြောင်းလိုခြင်း, ငွေကြေးနစ်နာခြင်းများ ဖြစ်တတ်သည်။
ရိုးရာနတ် သို့မဟုတ် ပဋ္ဌာန်းဆက် ပုဂ္ဂိုလ်များက မစ ကူညီခွင့် ရလိမ့်မည်။ အချစ်ရေး သင့်ရုံသာရှိသည်။ အိမ်ထောင်ဖက်က မိမိကို ကူညီစောင့်ရှောက် လိမ့်မည်။
ယတြာ။ ။ စေတီ တဆူဆူတွင် စံပယ်ပန်း ကပ်လှူပါ။
ရာဟု သားသမီးများ
မိမိမှာ အပင်ပမ်းခံ လုပ်ဆောင်နေသော်လဲ အကျိုးဖြစ်ထွန်းမှု အားနည်းနေပါမည်။ သည်းခံစိတ်ရှည်ပါ။ ဆန့်ကျင်ဘက် လိင်ကြောင့် ဂုဏ်သိက္ခာ ထိခိုက်ရကိန်း ရှိသဖြင့် ဆင်ခြင်ရပါမည်။ မိတ်ကောင်းဆွေကောင်းများ၏ ကူညီမစမှုကို ရမည်၊ သို့သော် မိမိ စိတ်တိုင်းမကျ ဖြစ်နေတတ်သည်။
ပညာရေး၌ စည်းကမ်းတင်းကြပ်ခြင်း ခံရမည်။ ထိခိုက်ရှနာ၊ သွားကိုက် ဖြစ်တတ်ပါသည်။ အချစ်ရေးတွင် မိမိဘက်က အားနည်းချက်ကြောင့် သဘောထား ကွဲလွဲနေမည်။ အိမ်ထောင်ရေး အနေနဲ့ အမြင် မကြည်မှုများ ရှိလာတတ်သည်။
ယတြာ။ ။ ဘုရားရှင်ကို ကြက်ဥပြုတ် ဆက်ကပ်ပါ။
ကြာသပတေး သားသမီးများ
ဘာသာရေး လုပ်ငန်းများ၏ အကျိုးကျေးဇူးကို ခံစားရမည်။ အစောင့်အရှောက်, ပဋ္ဌာန်းဆက် ပုဂ္ဂိုလ်များ၏ မစခြင်းခံရမည်။ စကားပြော မှားတတ်သည်။ ရန်သဘော ရှိသော်လဲ စီးပွားရေး လုပ်ငန်းများ ဖြစ်ထွန်းလာမည်။
အိမ်တွင်းရေး၊ အိမ်ထောင်ရေး မငြိမ်မသက် ဖြစ်တတ်သည်။ မိတ်ဆွေ နှင့် ရန်သူ တပြိုင်နက် တိုးပွားလာမည်။ အချစ်ရေး၌ ပျော်ရွှင်ရပါမည်။
ယတြာ။ ။ ဘာသာရေး အဓိဋ္ဌာန် ကျင့်ဝတ် တခုခု ရက်တိုဖြစ်စေ ပြုပါ။
သောကြာ သားသမီးများ
ကြီးကဲသူတို့နှင့် ပတ်သက်၍ စိတ်ညစ်ရမည်။ အလုပ်အကိုင်၌ စီးပွားဖြစ်ထွန်း လာပါမည်။ ရင်းနှီးမြှုပ်နှံခြင်းများ ကောင်းပါသည်။ ဝန်ထမ်းများ စိတ်ဖိစီးနေမည်။ အလုပ်သစ်စ လျောက်သူများ အခက်တွေ့ အံချော်နေမည်။ တွေးခေါ်ဉာဏ် ပွင့်နေမည်။
ပညာရေးတွင် အခက်အခဲကြားမှ ကြိုးစားသင်ယူ နေရမည်။ သွေးနှင့် ပတ်သက်သော ကူးဆက်ရောဂါ ရတတ်သဖြင့် အနေအထိုင် ဆင်ခြင်ရပါမည်။ လက်အောက်ငယ်သား ငယ်သူများက မိမိကို အထူး ကူညီကြလိမ့်မည်။ အချစ်ရေး အိမ်ထောင်ရေး တည်ငြိမ် နေလိမ့်မည်။ လမ်းခရီးစဉ်များ အတွင်းတော့ ဆန့်ကျင်ဘက်လိင်ကို သတိထားပါ။
ယတြာ။ ။ ပညာသင် ကလေးများအား မုန့်ဖိုးဖြစ်စေ ထောက်ပံ့လှူဒါန်းပါ။
စနေ သားသမီးများ
မိမိကံ အကောင်းထဲတွင် ရပ်တည်နေသည်။ သို့သော် ငွေကြေး လည်ပတ်မှု ကြန့်ကြာခြင်း ကြုံတတ်သည်။ မိတ်ဆွေများ၊ မိသားစု ဆွေမျိုးများကို ကူညီနေရမည်။ ဝန်ထမ်းဖြစ်ပါက အဆင်ပြေမည်။ အလုပ်စလျောက်သူများ ယောင်ချာချာ ဖြစ်နေမည်။
ပညာရေး ၌ သောက ရှိစေကာမူ ကောင်းမွန်ပါမည်။ အချစ်ရေးတွင် သိမ်ငယ်ခံစား သဝန်တို ရတတ်သည်။ အိမ်ထောင်ရေးကံ အဆင်ပြေ နေပါလိမ့်မည်။
ယတြာ။ ။ အသက်ကြီးသူကို ပဲကြော်/ ဗယာကြော်/ ပဲကြီးလှော် အဆင်ပြေ သင့်လျော်ရာ တမျိုးမျိုး လှူဒါန်းပါ။
ဉာဏ် ဝီရိယ စွမ်းတို့ဖြင့် အစစ အဆင်ပြေကြပါစေ...
Sayar Kyaw Sann Lwin
Post a Comment