Header Ads

သင် စမ်းသပ်ကြည့်သင့်တဲ့ အချက် (5) ချက်


1) အတ္တကြီး ပြလိုက်ပါ

သင့်ဘက်က စမခေါ်ဘဲ အချိန် အတော်ကြာ နေတဲ့အခါ.. သင့်ကို ဘယ်သူတွေကများ အရင် စခေါ်မလဲ ဆိုတာကိုပေါ့။

2) ဥပေက္ခာပြု ကြည့်လိုက်ပါ

သင့်ဘက်က ဂရုမစိုက်ဘဲ နေတတ်သလို နေလိုက်တဲ့အခါ.. သင့်ကို ဘယ်သူတွေကများ ဂရုတစိုက် တန်ဘိုးထား လာမလဲ ဆိုတာကိုပေါ့။

3) အဆုံးစွန်ထိ ဆိုးပြလိုက်ပါ

သင့်ဘက်က မလိမ္မာတော့ဘဲ ခပ်ချေချေ အထာနဲ့ နေတဲ့အခါ.. သင့်ကို ဘယ်သူတွေကများ အနွံတာခံ သည်းခံ ပေးနိုင်မလဲ ဆိုတာကိုပေါ့။

4) ပျောက်ကွယ်သွား ကြည့်လိုက်ပါ

ဘယ်သူ့ကိုမှ အသိမပေးဘဲ အဝေးဆုံးကို တိတ်တိတ်လေး ထွက်သွားတဲ့အခါ.. သင့်ကို ဘယ်သူတွေကများ အသည်းအသန် လိုက်ရှာနေမလဲ ဆိုတာကိုပေါ့။

5) Connection ဖြတ်တောက်ပီး နေကြည့်လိုက်ပါ

ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ဘဲ အဆက်အသွယ်တွေဖြတ် နေကြည့်လိုက်တဲ့အခါ.. သင့်ကို ဘယ်သူတွေကများ သတိတရ အဖက်လုပ်လာမလဲ ဆိုတာကိုပေါ့။

တစ်ခါတစ်ရံ...
ကိုယ်က မသိသလို နေကြည့်မှသာ ကိုယ့်ကို ဘယ်သူတွေက ဘာအချိုးချိုးနေလဲ ဆိုတာ ကွက်ကွက်ကွင်းကွင်း သိလာရနိုင်တာလေ။  ။

s_m

No comments

Powered by Blogger.