Header Ads

မိန်းမတစ်ယောက်အတွက် အရမ်းချစ်ပြတတ်တဲ့ ယောက်ျားမလိုဘူး


ယောင်္ကျား တစ်ယောက်က အရမ်း ချစ်ပြတတ်ဖို့ မလိုဘူး..

တာဝန် သိတတ်ဖို့ပဲ လိုတယ်.. တာဝန် သိတတ်မှ တာဝန်ယူတတ်တာ..

တာဝန် သိတတ်တယ် ဆိုတာ... ကိုယ်နဲ့ တွဲနေတယ်လို့ ပတ်ဝန်းကျင်က အသိအမှတ် ပြုထားတဲ့အတွက် သူမရဲ့ သိက္ခာကို ထည့်တွက်ရမယ်..

ကိုယ်နဲ့ တွဲခဲ့တဲ့ ကာလတလျောက် သူမရဲ့ ရယ်ခြင်း ငိုခြင်း စိတ်ခံစားချက် ပေါင်းစုံနဲ့ သူမရဲ့ အချိန်တွေ ကိုယ့်ကြောင့် ကုန်ဆုံးခဲ့ရတာကို ထည့်တွက် တတ်ရမယ်..

ကိုယ်နဲ့ တွဲနေလို့ သူမအပေါ် ကိုယ့်ထက် ကောင်းနိုင်မယ့် လူမျိုးကို ငြင်းပယ် ခဲ့ရတာတွေကိုလည်း ထည့်တွက်ပေး တတ်ရမယ်..

နောက်ဆုံး နဖူးလေး နမ်းတာ လက်ကလေး ကိုင်တာက အစ သူမရဲ့ အသွေးအသား အရေပြားကို ထိတွေ့ သုံးစွဲခဲ့တာတွေလည်း ထည့်တွက်ပေး တတ်ရမယ်..

အတိတ်တွေ လက်ညှိုးထိုးပြီး လမ်းခွဲဖို့ စိတ်ကူးထားရင်တော့ အစကတည်းက မပတ်သတ်နဲ့ သူမကို ချစ်မိပြီဆိုရင် သူမရဲ့ ကောင်းခြင်းဆိုးခြင်းတွေ သူမရဲ့ ဖြစ်တည်ခြင်းတွေကိုလည်း ချစ်တတ်ရမယ်..

အမြဲတမ်း အရမ်းချစ်နိုင်ဖို့ ဆိုတာ တသက်လုံးအတွက် မသေချာဘူး ချစ်တဲ့အချိန်ရှိသလို မချစ်တော့တဲ့ အချိန်ဆိုတာလည်း ရှိလာနိုင်တာပဲ..

တာဝန်သိတတ်တဲ့ ယောက်ျားကသာ ချစ်နေသေးသည်ဖြစ်စေ မချစ်တော့ဘူးဖြစ်စေ ကိုယ့်ကို ဘဝတလျှောက်လုံး စိတ်ချလုံခြုံစွာ ခေါ်ဆောင်သွားမှာ..

အိုဗာတင်းတွေ လုပ်ပြ အရမ်းတွေ ချစ်ပြ မတရားဟားတားတွေ ရိုဆန်ပြပြီးမှ မချစ်တော့တဲ့ အချိန်ကျ လှည့်တောင် မကြည့်တော့တဲ့ အာပလာကောင်တွေမှ အများကြီး..

မိန်းမ တစ်ယောက် အတွက် အရမ်း ချစ်ပြတတ်တဲ့ ယောက်ျား မလိုဘူး.. တာဝန်သိတတ်ပြီး ကိုယ့်ရှေ့က မားမားမတ်မတ် ရပ်တည်ပေးမယ့် ယောက်ျားမျိုးပဲ လိုအပ်တယ်..

တာဝန်သိတတ်ပြီး အမြဲတမ်း အရမ်းချစ်နိုင်မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ 💙💙💙

credit sai sai

No comments

Powered by Blogger.