Header Ads

ပရိသတ်တွေကို Video Call ခေါ်ပီး ရင်းရင်းနှီးနှီး စကားပြောခဲ့တဲ့ ရွှေပိုးအိမ်


လှပတဲ့ ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ် မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ သရုပ်ဆောင် ပီပြင်လွန်းတာကြောင့် ပရိသတ်တွေ အားလုံးက လက်ခံအားပေး နေကြတာပါ။ ရွှေပိုးအိမ်ကတော့ သူမကို ချစ်ကြတဲ့ ပရိသတ်တွေကို လေးစား တန်ဖိုးထားပြီး ဂရုတစိုက် ရှိလွန်းတာကြောင့် သူမရဲ့ပရိသတ်တွေက ကံကောင်းကြသူလေးတွေပဲ ဖြစ်ပါတယ်။





ရွှေပိုးအိမ်ကတော့ ချစ်ရတဲ့ပရိသတ်တွေ မထင်မှတ်ထားတဲ့ အချိန်မှာ Video Call ခေါ်ပြီး ပရိသတ်တွေနဲ့ တရင်းတနှီး စကားတွေ ပြောခဲ့တာပါ။ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ ရွှေပိုးအိမ်နဲ့ သူမ ပရိသတ်တွေရဲ့ ပုံရိပ်တွေကို ဖော်ပြပေး လိုက်ပါတယ်နော်။ ရွှေပိုးအိမ်ကတော့ ချစ်ရတဲ့ ပရိသတ်တွေကို သူမရဲ့ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှ Video call ပြောဖို့ ဖိတ်ခေါ်ခဲ့ပြီး မထင်မှတ်ထားတဲ့အချိန်မှာ အံ့အားသင့်သွားအောင် Video call ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။




ချစ်ရတဲ့ အနုပညာရှင်နဲ့ စကားပြောရတာမို့ ရွှေပိုးအိမ်ရဲ့ ပရိသတ်တွေရဲ့ မျက်နှာပေါ်မှာ အပြုံးလေးတွေ ဝေနေတာပဲ ဖြစ်ပါတယ်။ ရွှေပိုးအိမ်ကတော့ တကယ့်ကို ချစ်စရာကောင်းတဲ့ အနုပညာရှင် တစ်ဦးပါပဲနော်။ ရွှေပိုးအိမ်ကတော့ လတ်တလောမှာ ရုပ်ရှင်တွေ ကြော်ငြာတွေ ရိုက်ကူးနေရပြီး အနုပညာ လှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်ဖြစ်နေတာပါ။





အနုပညာကို ချစ်မြတ်နိုးသူမို့ လွယ်လွယ်နဲ့ မစွန့်လွှတ်နိုင်ဘူး ဆိုတဲ့ ရွှေပိုးအိမ်ကတော့ ပရိသတ်တွေကို အပြောနဲတင် မဟုတ်ပဲ တလေးတစားနဲ့ ချစ်တတ်တဲ့အကြောင်းကို လက်တွေ့ သက်သေပြခဲ့တာပါ။ ချစ်ပရိသတ်တွေလည်း မင်းသမီးချောလေး ရွှေပိုးအိမ်အပေါ် အမြင်လေးတွေကို ပြောသွားခဲ့ပါဦးနော်။






Source - Shwe Poe Eain' FB

No comments

Powered by Blogger.