ရည်းစားရပြီ ဆိုတာနဲ့ သိထားရမယ့်အချက်များ..
1. Facebook password တောင်းရင် မပေးပါနဲ့။ " ငါ့ Privacy ကို လေးစားပါ " ဟု ပြန်ပြောပါ။😰
2. Ph call ရင် သုံးခါလောက် ခေါ်မှ ကိုင်ပါ။ ပီးရင် ဆောင့်ကြီးအောင့်ကြီးနဲ့ " ငါ မအားတာ မသိဘူးလား " လို့ ခပ်ချေချေ မေးပါ။😡
3. သူ့စကားဆို ဘာတစ်ခုမှ မလိုက်နာပါနဲ့။ သူပြောသမျှ ကိုယ်မလုပ်နိုင်ဘူး ဆိုတာထက် မအားလို့ ဘာညာမျိုးစုံ ပြောပြီး အကြောင်းပြ လိုက်ပါ။😌
4. သူချိန်းရင် အချိန်လွန်မှ သွားပါ။ အမြဲတမ်း စောရောက်နေခြင်းဖြင့် သူ့အတွက် ဒီမိန်းမဟာ လွယ်လွန်းတယ်ဆိုပြီး စိတ်ကုန်သွားပါလိမ့်မယ်။ သူကိုစောင့်သာ ခိုင်းပါ။😂
5. သူ့ကို ဂရုမစိုက်ပါနဲ့။ ကိုယ့်အလုပ်တွေနဲ့ကိုယ် မအားအောင် နေပါ။ ဥပမာ အလှအပဖြစ်ဖြစ် အလုပ်တွေပဲ ဖြစ်ဖြစ် ပိုဂရုစိုက်ပါ။😍
6. သူ့ကို မချစ်ပြပါနဲ့။ အရမ်း ချစ်ပြရင် ပစ်ချခံရတာ သိတယ် မလား!😜
7. Relationship မတင်ပါနဲ့! Acc ထဲမှာ အမျိုးရှိတယ် ဘာညာ ဆင်ခြေပေးပါ။😒
8. သူ့ကို သဝန်မတိုပါနဲ့။ သူ့ အကြောင်းဆို ဂရုကို မစိုက်နဲ့။ ကိုယ့်ဘာသာ စိတ်ချမ်းသာအောင်နေ။😎
9. သူနဲ့ အမြဲလိုလို လုံးဝမတွေ့ပါနဲ့။ အကြောင်းပြချက်ပေးပါ။ လူတစ်ချို့က လွယ်လွန်းရင် ချိုးသွားတတ်ကြတယ်။😀
10. သူ့ကို သိပ်ချစ်ပါတယ် ဆိုတာကို သူမသိပါစေနဲ့။ သူသိရင် အပေါစား ဆန်သွားလိမ့်မယ်။😕
11. သူနဲ့ ပတ်သက်တဲ့ အရာအားလုံးကို သည်းသည်းလှုပ် မဖြစ်ပါနဲ့။😌
အဲ့ဒါမှ သူ့ကို ကိုယ် တကယ်မချစ်ဘူး ထင်ပြီး ကိုယ့်ကို အရမ်း ချစ်လာမှာပါ။😆😆
ကိုယ့်ပုံစံက သည်းသည်းလှုပ်တွေ ဖြစ်နေရင် မင်းကို တန်ဖိုးထားမှာ မဟုတ်ဘူး!😪
အသည်း မကွဲချင်ဘူးမလား?? ချေသာချေ ……😎
ယောက်ျားဆိုတဲ့ အမျိုးက သူတို့ကို စောက်ဖက်မလုပ်တဲ့ စော်ဆို အသေကြွေကြတာ !😌
အားလုံး ရည်းစားထားနေသရွေ့ မျက်ရည်နဲ့ မျက်ခွက်ဘဝမှ ကင်းဝေးကြပါစေ။😜😜
Writer - ei ei chaw khin
Post a Comment