ယောင်္ကျားမယူပဲ ကလေးမွေးဖို့ မလွယ်ဘူးဆိုတဲ့ ပိုပို
ပရိသတ်တွေ အားပေးနှစ်ချိုက်တဲ့ နာမည်ကြီး အဆိုတော် တစ်ယောက်ဖြစ်တဲ့ ပိုပိုကတော့ ယောက်ျား မယူပဲ ကလေးမွေးဖို့ ဆိုတာ မလွယ်ဘူးလို့ ပြောလိုက်ပါတယ်။ ဒီနေ့ ဖေ့စ်ဘွတ်မှာ နာမည်ကြီးခဲ့တဲ့ သုက်ပိုး အလှူခံမယ် ဆိုတဲ့ သတင်းနောက်ပိုင်း အိတ်ဒေးဂျာနယ်ရဲ့ အင်တာဗျူးမှာ ဒီကနေ့ ညနေက ဖြေလိုက်တာပဲ ဖြစ်ပါတယ်။
“ စိတ်လည်း အနှောက်အယှက် ဖြစ်တယ်။ စိတ်လည်း အနှောက်အယှက် ဖြစ်သွားတာပေါ့။ ဒါပေမယ့် ကောင်းတဲ့ဘက်ကိုပဲ ယူပြီးတော့ တွေးလိုက်တယ်။ ဘာလို့ဆိုတော့ ဒါ မဟုတ်တာ လုပ်တာမှ မဟုတ်တာ။ တကယ်လို့များ စင်ဂယ်မားသား လုပ်မယ် ဆိုလို့ရှိရင်လည်း ဖြူဖြူစင်စင်နဲ့ လုပ်တာ။ ယောက်ျားမယူပဲ ကလေးမွေးဖို့ဆိုတာ မလွယ်ဘူး။ သတ္တိရှိမှ ဖြစ်တာ” ဆိုပြီး ပိုပိုက ဖြေဆိုခဲ့ပါတယ်။
ယနေ့ ပိုပိုတစ်ယောက် ယောင်္ကျားတွေဆီက သုက်ပိုး အလှူခံပြီး ကလေးမွေးမယ်လို့ ခေါင်းစဉ်နဲ့ ဂျာနယ်တစ်ခုမှာ ပါလာပြီး ဖေ့စ်ဘွတ်မှာ ပြန့်နှံ့ ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စအတွက် ပိုပိုလည်း လှောင်ပြောင်ခံနေ ရပါသေးတယ်။
From Po Po' Fb
Post a Comment