အချစ်တစ်ခုမှာ လိုအပ်တဲ့အရာများ..
အချစ်ဆိုတာ ကိုယ့်ဘဝထဲ ဝင်လာပီ ဆိုတာနဲ့ သတိထားသင့်တဲ့ အရာ တစ်ခုပါ။ ကိုယ့်မှာ ရှိနေတဲ့ အရမ်းချစ်တဲ့ စိတ်ကို လျော့ပါ။ တတ်နိုင်သလောက် မျှော်လင့်ချက် မထားပါနဲ့။ ရယူ ပိုင်ဆိုင်ဖို့ပဲ မတွေးပါနဲ့။ သူ့ဘက်ကို့ဘက် စာနာပေးပါ။ အချစ်နဲ့ တွေ့ရင် အတ္တဆိုတာ အမှန်တကယ် ရောက်လာမြဲပါပဲ။ အဓိက ကတော့ မျှော်လင့်ချက် မထားမိပါစေနဲ့...
အချစ်ဆိုတာ ချစ်နေရုံနဲ့ မပီးပါဘူး ~ နားလည်မှု ~ သစ္စာ ရှိမှု ~ လေးစားမှု ~ စာနာထောက်ထားမှု ~ ခွင့်လွှတ်ခြင်း ~ ကြင်နာမှု ~ မေတ္တာတရား စသည်ဖြင့် လိုအပ်ပါတယ်။
💗 နားလည်မှု
ကိုယ့်ချစ်သူက ဘယ်လိုလူမျိုးလဲ ဆိုတာ အရင်ဆုံး သိဖို့ နားလည်ဖို့ လိုအပ်ပါတယ်။ ကိုယ့်စိတ်ကို ဦးစားပေးနေရင် အချစ်က ခိုင်မြဲမှာ မဟုတ်ပါဘူး။ သူ့ဘက်ကိုယ်ဘက် အခြေခံ နားလည်မှု လေးတွေ ပေါ့။ နားလည်မှု ဆိုတာ သိပ်ကို တန်ဖိုး ကြီးပါတယ်။
💗 သစ္စာတရား
လက်တွဲ ခိုင်မြဲဖို့ အခြေခံ အကျဆုံးက သစ္စာတရား ပါပဲ။ ချစ်ပါတယ် တဖွဖွပြောပီး သစ္စာမရှိရင် အလကားပဲ မဟုတ်ပါလား။
💗 လေးစားမှု
ယောက်ကျားလေးဖြစ်ဖြစ် မိန်းကလေး ဖြစ်ဖြစ် ချစ်သူတွေ ဖြစ်လာကြရင် အပြန်အလှန် လေးစားမှု ရှိသင့်ပါတယ်။ လေးစားမှု ရှိတဲ့ စုံတွဲက တယောက်ကို တယောက် စော်ကားလေ့ မရှိပါဘူး။ ရင်းနှီးမှု နဲ့ မဆိုင်ပါဘူး ။ လေးစားမှုပါ။
💗 စာနာမှု
လူဆိုတာ အမြဲတမ်း အောင်မြင် မနေပါဘူး... ခက်ခဲနေတဲ့ အခိုက်အတန့်မှာ ကိုယ့်ချစ်သူဆီက စာနာမှု ကိုလူတိုင်း လိုချင်ကြပါတယ်။
💗 ကြင်နာမှု
ချိမြိန်တဲ့ အချစ်တစ်ခု ဖြစ်ဖို့  ကြင်နာမှုတွေ မပါပဲ မရပါဘူး။ ကြည်နူးစရာတွေ မျှဝေရင်း အချစ် ဆိုတာ သက်သေပြဖို့ ကြင်နာခြင်းတွေ လိုအပ်ပါတယ်။
💗 ကိုယ်ချင်းစာစိတ်
ကိုယ်တောင် သူ့ကို ဒီလို ဖြစ်စေချင်ရင် သူလည်း ကိုယ့်ကို ဒီလိုဖြစ်စေချင်မှာပဲ ဆိုတဲ့စိတ် ... ကိုယ်ခံစားရရင်လည်း သူရော ခံစားနေရမလား ဆိုတဲ့စိတ် ကိုယ်ချင်းစာ စိတ်လေး ချစ်သူတိုင်းမှာ ထားသင့်ပါတယ်။
💗 ခွင့်လွှတ်ခြင်း
လူဆိုတာ အမှား ကျူးလွန်တတ်တဲ့ အမျိုးဖြစ်လို အမှားကင်းတဲ့ သူရယ် မရှိတဲ့အတွက် ခွင့်လွှတ်ခြင်းနဲ့လည်း ကင်းကွာလို့ မရပါဘူး။ အမှားကို သိလို့ အမှန်ပြင်ချင်သူ အတွက် ခွင့်လွှတ်ခြင်းက ထိုက်တန်ပါတယ်။
💗 မေတ္တာတရား
အရေးကြီးဆုံးက မေတ္တာ တရား အရေးကြီးပါတယ်။ မေတ္တာ တရားအခြေခံမရှိရင် လိုချင် တက်မက်မှု ချစ်ခြင်း ဖြစ်သွားပါလိမ့်မယ်။ ကိုယ်ချစ်ရတဲ့ ချစ်သူအပေါ် အေးမြတဲ့ မေတ္တာတရားလည်း ပေးသင့်ပါတယ်။
အားလုံးပဲ အချစ်ရေးမှာ ကံကောင်းနိုင်ကြပါစေနော်။
ဆရာမ ကြာညိုသွယ်
Post a Comment