Single လေးများသို့ပေးစာ
ချစ်သူ ရည်းစား မထားပါနဲ့ ။ တစ်ယောက်တည်း နေတာလည်း အေးချမ်းပါတယ်။
တကယ်လို့ အပေးအယူ မညီတဲ့ relationship ဆိုရင်လည်း ရပ်တန့်ပစ်လိုက်ပါ။ ကိုယ့်အတွက်ကိုယ် ပျော်အောင် နေဖို့က ပိုအရေးကြီးတယ် မဟုတ်ပါလား ။
ကော်ဖီတစ်ခွက်ရဲ့ အရသာကို ခံစားဖို့အတွက် အဖော် မလိုပါဘူးနော်။ မင်းသာ ကော်ဖီကို တကယ် ကြိုက်ရင် တစ်ယောက်တည်း သောက်လည်း အရသာ မပြောင်းလဲ သွားသလို ကော်ဖီ အပေါ် ရူးသွပ်တဲ့ ခံစားမှုကလည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ။
အဲလိုပဲ မင်းသာ single ဘ၀ရဲ့ လွတ်လပ်မှုကို ခုံမင် နှစ်သက်သွားပြီ ဆိုရင် ဘာလုပ်လုပ် အဖော် မလိုပါဘူး ။ တစ်ခါတစ်လေ အထီးကျန်မှု အတွက်တော့ သူငယ်ချင်းတွေလည်း ရှိတယ် မဟုတ်လား ။ ဒါမှမဟုတ်ရင်လည်း သီချင်းတွေနဲ့ အဖော်ပြုပေါ့ ။
စကားလာပြောမယ့်သူ မရှိခဲ့ရင် နားကြပ် တစ်ဖက် ဖြုတ်ပြီး သူတို့ပြောသမျှ လိုက်နားထောင်ပေးစရာ မလိုတော့ဘူးပေါ့ မဟုတ်ဘူးလား? လိုချင်တာတွေဝယ်ပါ ။ စားချင်တာတွေ စားပါ ။ သွားချင်တဲ့ နေရာသွားပါ ။ အိပ်ချင်တဲ့ အချိန် အိပ်ပါ ။ ဖုန်းပိတ်ထားပြီး စာအုပ်တွေ ဖတ်ပါ။
ဘ၀အတွက် message ပေးတဲ့ ဇာတ်လမ်းကောင်း လေးတွေ ကြည့်ပါ ။ ပျင်းနေရင် fancy ကားလေးတွေ ကြည့်ပြီး ရယ်ပေါ့ ။ အားမရသေးရင် drama ကားတွေ ကြည့်ပြီး တစ်ယောက်တည်း အကျယ်ကြီး ငိုလို့ ရသေးတယ်နော် ။
ပိတ်ပင်မယ့်သူ မရှိခြင်းက မင်းကိုယ်တိုင် ဘာလုပ်နေမှန်း မေ့နေတဲ့ အထိ လွတ်လပ်ပါတယ် ။ ကိုယ့်ဘ၀ရဲ့ ပျော်စရာကို ကိုယ်တိုင်ရှာတာ အကောင်းဆုံး ပဲမို့ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း အတွက် တစ်စုံ တစ်ဦးရဲ့ လွှမ်းမိုးမှုကိုမှ မခံပါနဲ့ ။
အလုပ် ကြိုးစားပါ ။ ပိုက်ဆံစုပါ။ ကျောင်းသားဆိုရင် မုန့်ဖိုးတွေ စုပေါ့ ။ ပြီးရင် ကမ္ဘာပတ်ဖို့ မတွေးပါနဲ့ဦး ။ ကိုယ့်နိုင်ငံမှာတင် လည်ပတ်စရာတွေ အများကြီး ရှိပါသေးတယ် ။ အရင် နှံ့အောင် လည်ပါ ။ သမိုင်းဝင် နေရာတွေကို သွားပြီး လေ့လာပါ။
အမှတ်တရတွေ ယူတဲ့ အခါ selfie ရိုက်ပေါ့။ selfie ဆိုတာ တစ်ယောက်တည်းသမားတွေ အတွက်ပဲ မဟုတ်ပါလား ။
မင်းလိုချင်တဲ့ ပန်းတိုင်ကို အာရုံစိုက် လိုက်ပါ ။ မင်းအတွက် အကျိုးရှိမယ့် အရာတွေကို လေ့လာပါ။ မင်းရည်ရွယ်ထားတဲ့ ပန်းတိုင်ဆီ ရောက်အောင် သွားပါ ။ မင်းအောင်မြင်လာတဲ့ တစ်နေ့ မင်းကိုယ်တိုင် single ဘ၀ကို ငြီးငွေ့လာတဲ့ အခါ တစ်စုံတစ်ယောက်ရဲ့ လက်ကို တွဲလိုက်ပါ ။
ဘယ်အရာမှ နောက်ကျသွားတယ် ဆိုတာ မရှိပါဘူး။ အချိန်မတိုင်ခင်သာ အိမ်ထောင် မကျစေ နဲ့ဦး ။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို အထီးကျန်တယ် လို့ တွေးနေသမျှ ကာလပတ်လုံး ဘယ်သူ့ အချစ်တွေနဲ့ ဘယ်လိုပဲ သိုက်သိုက် ၀န်းဝန်း နေရ နေရ အထီးကျန်တယ် လို့ပဲ ခံစားနေရ မှာပါ ။
မင်းမှာတော့ အဲလို ဆိုက်ကို မရှိဘူး မလား ။ ဒါဆို မင်း single ဘ၀မှာ ပျော်အောင်နေဖို့ မခက်ခဲ ပါဘူး ။
ဒီစာ ဖတ်ပြီးသွားတဲ့ စာဖတ်သူတို့ဟာ ဒီစာလေးနဲ့ ထိုက်တန်တဲ့သူ တစ်ယောက်လောက်ကို mention ခေါ်ဖို့တော့ မမေ့ကြနဲ့ဦးနော်။
Credit : မူရင်းရေးသူ

Post a Comment