Header Ads

သူများသားသမီးကို လိုသုံး တစ်ယောက်လို ဆက်ဆံဖူးခဲ့ရင်.. (knowledge)


သူများသားသမီးကို " လိုသုံး " တစ်ယောက်လို သဘောထား ဆက်ဆံဖူးခဲ့ရင်

" ကိုယ့်သားသမီး/ မြေးတွေ အလှည့် " လူတကာ ခြေတော်တင်ခံရရင် ကျေကျေနပ်နပ်  လက်ခံနိုင်ဖို့   ပြင်ဆင်ထားပါ ။

ဖအေ မပေါ်ပဲ မွေးလာတဲ့ သားသမီး မြေးမြစ်တွေကို ထိန်းကြောင်းနိုင်ဖို့  စောစော မသေအောင် ကျန်းမာရေး ဂရုစိုက်ကြပါ ။

ကိုယ့်သွေးသားတွေက သွေးသားထကြွ သောင်းကျန်းလာရင် ကိုယ်တိုင် ပေးဆပ်ဖို့   ပြင်ဆင်ထားကြပါ ။

ကိုယ့်အသားထိမှ နာတတ်သူ မဖြစ်အောင် ကိုယ့်စိတ်ကို  ပြင်ဆင်ထားကြ ။

ဒီစကားတွေကို ကိုယ်တီထွင်ပြောတာ မဟုတ်ဘူး.. လောကပါလ တရားကြီးရဲ့  စီရင်ထုံးတွေ ။

ဘယ်သူမပြု မိမိမှုကို  မိမိကိုယ်တိုင် စီရင်သွားခြင်း ဖြစ်သလို နောင်ဘဝမကူးခင် မျက်မှောက်ကာလမှာ သင်တို့  ကိုယ်တိုင်  မြင်တွေ့ နေရတာပဲ ။

သွေးသားအရင်းကို ပြစ်မှားသူတွေ ဆိုတာ အရင်ဘဝ ဘဝက  သူများသားပျို သမီးပျိုတွေကို ဖျက်လိုဖျက်စီး လုပ်ခဲ့သူတွေ  ဝဋ်ကြွေး ဆပ်ရတာ လို့ ပဲ တရားဒေသနာ တွေမှာ  ဖတ်မှတ်ဖူးခဲ့ပါတယ် ။

" လူမှာအမျိုး  ကြက်မှာ အရိုး " ဆိုတဲ့စကားပုံလိုပဲ ကိုယ်က စာရိတ္တ ကောင်းမွန်သူဖြစ်မှ  ကိုယ့်မျိုးဆက်တွေကလည်း လူမွန်လူကောင်းတွေ ဖြစ်လာမှာ။ ကိုယ်က ယုတ်ညံ့သူ ဖြစ်နေရင် ကိုယ့်မျိုးဆက်တွေကလည်း လူကောင်းတွေ ဖြစ်လာမှာလား တွေးပေါ့ ။

လောကကြီးထဲ လူရယ်လို့ ဖြစ်လာရင် လုပ်ရပ်တိုင်းမှာ အတိတ်တွေ ကျန်နေခဲ့သလို  မကောင်းတဲ့ လုပ်ရပ်တိုင်းမှာ အရိပ်ဆိုတာ ရှိစမြဲပဲ ။

ကောင်းတာ လုပ်ခဲ့ရင် စံရမယ်။ မကောင်းတာ လုပ်ခဲ့ရင် ခံရမယ် ။ ရိုးရှင်းစွာ  တွေးလိုက်တယ်  ဒါပါပဲ ။

ခပ်ချေချေ #MayNoe

No comments

Powered by Blogger.