Header Ads

အချိန်တွေ အကြာကြီး ချစ်လာပြီးမှ ချစ်သူနှစ်ဦး လမ်းခွဲတော့မယ် ဆိုရင်


ချစ်သူနှစ်ဦး နှစ်တွေ အကြာကြီး တွဲလာခဲ့ပြီးမှ လက်တွဲဖြုတ်တော့မယ်ဆိုရင် သေချာ စဉ်းစားကြပါ ။

အချစ်သစ်တွေနဲ့ သာယာပျော်ရွှင်ပြီး ကြည်နူးနေရတာ ၊ ရင်ခုန်နေရတာ စိတ်လှုပ်ရှားနေ ရတာကို ဘဝလို့ မထင်ပါနဲ့ ။

ဘယ်ချစ်သူစုံတွဲ မဆို တွဲကာစ သုံး လေးလ ငါးလ လောက် အထိ ပျော်စရာ သိပ်ကောင်းပါတယ် ၊ ရင်ခုန် စိတ်လှုပ်ရှား စရာ ကောင်းပါတယ် ။

ဒီထက် နည်းနည်း အချိန် ပိုကြာလာတာနဲ့ အမျှ ညှိစရာ နှိုင်းစရာတွေ ပြဿနာတွေ သူ့အကြိုက် ကိုယ့်အကြိုက်တွေနဲ့ ဇယားတွေရှုပ်ပြီး နားလည်မှုတွေလွဲ ပျော်စရာတွေ နည်းလာတတ်တာ သဘာဝပါ ။

အဲ့ဒီတော့ လက်ရှိ relationship ကိုတောင် သာယာအောင် မဖန်တီးနိုင်ပဲ အချစ်အသစ် တခုကို ပြန်စချင်တယ်ဆိုတာ ကိုယ်ကိုယ်တိုင် ရှုပ်ထွေးအောင် ရေးဆွဲခဲ့တဲ့ ပန်းချီကား တချပ်ကို ပြီးအောင် အဆုံးမသတ်ပဲ အသစ်တခု ထပ်ရေးတာနဲ့ တူပါတယ် ။

စိတ်ရှုပ် စိတ်ညစ်တဲ့ ဒဏ်ကို မခံနိုင်လို့ နောက်တယောက် တွဲမယ် ဆိုရင် အချစ် ဆိုတာကို ဘယ်တော့မှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး ။

အဆင်မပြေချိန် စိတ်ညစ်လာ တတ်တာ အချစ် မဟုတ်ပါဘူး ။

ဒုက္ခရောက်နေချိန် ညည်းညူနေ တတ်တာ အချစ် မဟုတ်ဘူး ။

ပျော်နေရတဲ့အချိန် မေ့ထားတတ်တာ အချစ် မဟုတ်ဘူး ။

ကိုယ်အဆင်မပြေတဲ့ အချိန်ရော အောင်မြင်တဲ့ အချိန်ရော လိုအပ်တဲ့သူက သူတစ်ယောက်တည်း ဖြစ်နေမှသာ အချစ်လို့ ခေါ်တာပါ ။

အဲ့တော့ ပန်းချီကား အသစ်တစ်ချပ်ကို ဘယ်လို လှအောင် ဆွဲမယ် ဆိုပြီး  စိတ်ကူးယဉ်နေမယ့် အစား .....

ကိုယ့်လက်ထဲက ပန်းချီကားလေး ကိုသာ အတတ်နိုင်ဆုံး လှလှပပလေး ဖြစ်အောင်  ရေးဆွဲဖို့ ကြိုးစားကြည့်ပါ ။

AungWana

No comments

Powered by Blogger.