Header Ads

အသည်းကွဲချိန်မှာ လုပ်သင့်တဲ့ အချက် (6) ချက်


★ ★ ★ ★ ★ ★ ★

လူတိုင်းလူတိုင်း အသဲကွဲဖူးပါတယ်..​ ကမ္ဘာ​ပေါ်မှာ သင့်​အကြိုက်​ဆုံး အနုပညာရှင်​​တွေ နာမည်​ကြီး​တွေလဲ အသဲကွဲ ဖူးပါတယ်​ ကိုတစ်​​ယောက်​ထဲ အသဲကွဲဖူးတာ မဟုတ်​ပါဘူး ☺ ဒါ​ကြောင့် အားငယ် ​စိတ်​ပျက်​​နေစရာ မလိုပါဘူး.... အသည်းကွဲနေချိန်မှာ စိတ်​သက်​သာ​အောင်​ လုပ်​ရမဲ့ အချက်​​လေး​တွေ ပြုမူ​နေထိုင်​ရမဲ့ အချက်​​လေး​တွေ ရှိပါ​သေးတယ်​....

1) စိတ်ရှိသလောက် ငိုချလိုက်ပါ။ သိပ္ပံ ပညာရှင်များက ငိုသော လူများဟာ စိတ်ဓာတ်ပိုပီး ကြံ့ခိုင်တယ် လို့ ဆိုထားပါတယ်။

2) တစ်စုံတစ်ယောက်ကို သို့မဟုတ် သင့်ကိုယ်သင် သင်တို့ ဇာတ်လမ်းကို ရင်ဖွင့်လိုက်ပါ။ များများပြောလေ နာကျင်မှု လျော့နည်းလာလေ ဖြစ်တာကို ခံစားရပါလိမ့်မယ်။

3) သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ ဂရုမစိုက်ခဲ့လျှင် နောက်ပိုင်းမှာ သင့်ကို ဒုက္ခပေးပါလိမ့်မယ်။

4) စမတ်ဖုန်းနှင့် ထိုကဲ့သို့ လျှပ်စစ် ပစ္စည်းများ အသုံးပြုခြင်းကို တစ်ပတ်လောက် အနားပေးလိုက်ပါ။ ထိုနောက်ပိုင်းတွင် ပြန်လည် လန်းဆန်းတာကို အများကြီး ခံစားမိမှာပါ။

5) ရုပ်ဝတ္ထု ပစ္စည်းများကို ဖရိုဖရဲ ပစ်မထားပါနှင့်။ သပ်သပ်ရပ်ရပ်နှင့် ရှင်းရှင်းလင်းလင်း ထားခြင်းက ဦးနှောက်ကို သက်သာရာ ရစေပြီး စိတ်ကို ပေါ့ပါးစေပါတယ်။

6) ယခင်က အကျိုးရှိသော်လည်း မပြုလုပ်ရဲခဲ့သော တစ်စုံတစ်ခုကို အသည်းကွဲ ကာလတွင် လုပ်ဆောင်ဖို့ ကြိုးစားကြည့်ခြင်းဖြင့် ကောင်းကောင်း အသုံးချလိုက်ပါ။

AungWana

No comments

Powered by Blogger.