Header Ads

ကျမတို့မိန်းခလေးတိုင်းမှာ ရှိတယ်


ချစ်ပါတယ် လို့ အဖြေ စပေးလိုက် ထဲက
တစ်ဘ၀စာလုံး အတွက် ရည်ရွယ် ထားတယ် ဆိုတဲ့ စိတ်က
ကျမတို့ မိန်းခလေးတိုင်းမှာ ရှိတယ်

အချိန်တွေ ကြာလာရင်
အိမ်က လူကြီးတွေကို အသိပေးပြီး တွဲပြချင်တဲ့ စိတ်က
ကျမတို့ မိန်းခလေးတိုင်းမှာ ရှိတယ်

ကိုချစ်တဲ့သူရဲ့ ဂရုစိုက်ပြမှုကို လိုချင်တဲ့စိတ်
ကျမတို့ မိန်းခလေးတိုင်းမှာ ရှိတယ်

အိမ်မှု ကိစ္စတွေကို မတတ်မြောက်ပေမယ့်
ချစ်ရတဲ့သူအတွက် လုပ်ပေးနိုင်ချင်တဲ့ စိတ်
ကျမတို့ မိန်းခလေးတိုင်းမှာ ရှိတယ်

အရမ်းစိတ်ညစ်လို့ အားငယ်နေတဲ့ အချိန်
ချစ်သူဆီက အားပေးစကားတွေ ကြားချင်တဲ့စိတ်
ကျမတို့ မိန်းခလေးတိုင်းမှာ ရှိတယ်

အသက်ကသာ ကြီးနေပေမယ့် ချစ်သူ အပေါ်
ကလေး တယောက်လို ရစ်ပြီး ဂျီကျ ချင်တဲ့စိတ်
ကျမတို့ မိန်းခလေးတိုင်းမှာ ရှိတယ်

တစ်ယောက်တည်းကိုပဲ နှစ်နှစ် ကာကာ ချစ်ချင်တဲ့ စိတ်
ကျမတို့ မိန်းခလေးတိုင်းမှာ ရှိတယ်
( P.S ဘယ်မိန်းကလေးကမှ ကိုယ့်ချစ်ရတဲ့သူ ဆီက လမ်းခွဲစကား မကြားချင်ပါဖူး )

ဒီလို အတွေးတွေနဲ့ ရှိနေတဲ့ စိတ်ဟာ
ကျမတို့လို ချစ်တတ်တဲ့ မိန်းမသားတွေ မှာပဲ ရှိတာပါ .....

Credit : Muyin

No comments

Powered by Blogger.