Header Ads

သင်မွေးတဲ့ ရာသီကပြောပြနေတဲ့ သင့်ရဲ့အကြောင်း


ရာသီဥတုတွေဟာ တစ်ခုနဲ့ တစ်ခု မတူညီကြဘဲ ကိုယ်ပိုင် ပုံစံတွေ ရှိကြပါတယ်။ ဒီလိုပဲ နွေ၊ မိုး၊ ဆောင်း မှာ မွေးဖွားခဲ့တဲ့ ကျွန်တော်တို့၊ ခင်ဗျားတို့မှာလည်း မတူညီတဲ့ ပုံစံ၊ အကျင့်စရိုက်တွေ ရှိနေကြပါတယ်။

ကဲ…. ကိုယ့်ကို မွေးခဲ့တဲ့ ရာသီဥတုက ကိုယ့်အကြောင်း ဘာတွေ ပြောနေမလဲ…. အောက်မှာ ကြည့်လိုက်ကြရအောင်...

နွေရာသီမှာ မွေးသူဆိုရင်


နွေရာသီဖွား တစ်ယောက် ဆိုရင်တော့ သင်ဟာ အကောင်းမြင်တတ်သူ တစ်ယောက်ပါ။ အဆိုးမြင်စိတ် နည်းပါးတယ်။ လွတ်လွတ် လပ်လပ် နေချင်တယ်။ စိတ်ကူးစိတ်သန်း ကောင်းတယ်။ အခက်အခဲတွေ ရှိလာရင် အိုင်ဒီယာကောင်းတွေ ထွက်လေ့ ရှိတယ်။

ပျော်ပျော်နေ တတ်တယ်။ စူးစမ်းလိုစိတ် ကြီးတယ်။ အမြဲတမ်း တက်ကြွနေလေ့ ရှိတယ်။ ဒါတွေဟာ နွေရာသီဖွား လေးတွေရဲ့ စရိုက် လက္ခဏာတွေပဲ ဖြစ်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေကတောင် အားကျရလောက်တဲ့ တက်ကြွမှုမျိုး သင့်မှာရှိပါတယ်။

သူငယ်ချင်း တွေကိုလည်း အမြဲတမ်း ကူညီနေသူ တစ်ယောက်၊ မိသားစုရဲ့ အားထားရသူ တစ်ယောက်၊ အားလုံးရဲ့ ဆည်းလည်းလေးလည်း ဖြစ်ပါတယ်။ နွေရာသီမှာ မွေးဖွားသူတွေဟာ စိတ်ခံစားချက် လွယ်လွန်းပြီး သနားကြင်နာစိတ် ကြီးမားကြသူတွေလည်း ဖြစ်ပါတယ်။

မိုးရာသီမှာ မွေးသူဆိုရင်


မိုးရာသီဖွား တစ်ယောက် ဆိုရင်တော့ သင်ဟာ အေးဆေး တည်ငြိမ်သူ တစ်ယောက်ပါ။ ဆုံးဖြတ်ချက် တစ်ခုခု ချမယ် ဆိုရင် သေသေချာချာ စဉ်းစားတတ်လေ့ ရှိပါတယ်။ အမြဲတမ်း ပတ်ဝန်းကျင်ကို လေ့လာ နေလေ့ရှိတယ်။

ချစ်သူ ခင်သူတွေနဲ့ စကားတွေ ပြောနေရရင် သင်ပျော်ရွင်တယ်။ သင့်အကြောင်းတွေ အားလုံးကို ရင်ဖွင့်လေ့ရှိတယ်။ ကောင်းတာရော ဆိုးတာရော အားလုံးပေါ့။ ပွင့်လင်းတဲ့ သင့်ပုံစံကြောင့် သင့်မှာ ချစ်သူခင်သူ မရှားပါဘူး။

ဆောင်းရာသီမှာ မွေးသူဆိုရင်


ဆောင်းရာသီဖွား တစ်ယောက် ဆိုရင်တော့ သင်ဟာ ဇွဲကြီးသူ တစ်ယောက်ပါ။ တစ်ခုခုကို အမှန်တကယ် လိုချင်ပြီဆိုရင် မရရအောင် ယူတတ်တာ သင့်အကျင့်ပါ။ သင့်ရဲ့ အားနည်းချက်ကတော့ လူတွေကို အားနာတတ်လွန်း တာပါပဲ။ တစ်ယောက်ယောက်က အကူအညီ တောင်းတဲ့အခါ ငြင်းရခက်လေ့ ရှိတယ်။

အလွန် ရှက်တတ်သူ တစ်ယောက်လည်း ဖြစ်တယ်။ တစ်ယောက်ကို ချစ်မိတဲ့ အခါမှာလည်း သင့်ဘက်ကတော့ အမြဲတမ်း ထာဝရ အတွက်ကိုပဲ ရည်ရွယ်လေ့ ရှိတယ်။ အမြဲတမ်း ပေးဆပ်သူပဲ ဖြစ်လေ့ရှိတယ်။ ကိုယ့်ကိုယ်ကိုလည်း အမြဲ ဝေဖန်နေတတ်သူ တစ်ယောက်။

ပီးတော့ ရည်မှန်းချက် ကြီးကြီးမားမားလည်း သင့်မှာ ရှိပါတယ်။ သင် မျှော်မှန်းထားတွေ ဖြစ်မလာတဲ့ အခါမှာတော့ အလွန် အားငယ်တတ်သူ တစ်ယောက် ဖြစ်သွားတတ်ပါတယ်။ သူများတွေ အတွက် ဘာမဟုတ်တဲ့ ရှုံးနိမ့်မှု သေးသေးလေးတွေက ဆောင်းရာသီ ဖွားလေးတွေ အတွက်တော့ အကြီးအကျယ် စိတ်ဓာတ်ကျစေ တတ်လေ့ရှိပါတယ်။

credit ဇော်မျိုးနိုင်

No comments

Powered by Blogger.