Header Ads

သင် လူတယောက်ကို အချစ်လွန်သွားတဲ့အခါ


သင် လူတယောက်ကို အချစ် လွန်သွားပြီ ဆိုရင်
ကိုယ်တိုင် သတိမပြုမိခင် မှာပဲ အရမ်း ကလေး ဆန်သွား တတ်တယ် ။

ကိုယ်က အရမ်း ချစ်လွန်းတဲ့ အတွက် သူ့ကို ဂရုစိုက်ရာ ကနေ
ဂရုစိုက်လွန်ပြီး သူ့အတွက် စိတ်အနှောက် အယှက် ဖြစ်သွားစေတယ် ။

သူ့ကို ဂရုစိုက် လွန်ပြီး ချစ်ပြရာ ကနေ
ကိုယ့်ကို မချစ်တော့ဘူးလို့ စိတ်အထင်နဲ့ သံသယတွေ များလာပြီး
ပိုင်ဆိုင်ဖို့ အတ္တတွေ ကြီးလာတယ် ။

အတ္တတွေ ကြီးလာတာနဲ့ အမျှ
စိတ်အလိုမကျ ဖြစ်ပြီး
ကိုယ် သတိမပြုမိတဲ့ အချိန်လေးမှာပဲ ဒေါသအဖြစ် ပြောင်းသွားတယ် ။

ဒေါသစိတ် ကနေ အမုန်းစိတ် ဖြစ်သွားတယ် ။

နောက်ဆုံး အဲ့ဒီ ဖြစ်ပေါ်လာတဲ့ အမုန်းစိတ်နဲ့
ကိုယ့်အတွက် နာကျဉ်စရာတွေ ကိုပဲ ခံစားရ စေတယ်။

ဒါကြောင့် အရမ်းကြီး ချစ်ဖို့ မလိုဘူး ။

နည်းနည်းလေး နဲ့ ကြာကြာ ချစ်နေဖို့ပဲ လိုတယ် ။

အလိုလို နေရင်း နားလည်မှုတွေ နဲ့
အချစ်ဆိုတာ ဘာလဲဆိုတာ သဘောပေါက်သွား ပါလိမ့်မယ် ။

AungWana

No comments

Powered by Blogger.