မိန်းကလေး ဆိုတာ...
မိန်းကလေးဆိုတာ ကိုယ့်ဘဝကိုယ် လေးစားရကောင်းမှန်း မသိရင် ယောင်္ကျားလေးတွေရဲ့ လက်ထဲက ကစားစရာ အရုပ် ဖြစ်သွားလိမ့်မယ်။ မာနတရားကို လက်ကိုင် မထားဘဲနေမိရင် ယောင်္ကျားလေးတွေရဲ့ ပေါ့ပျက်ပျက် သဘောထားတာ ကြုံရတတ်တယ်။
အဖြေ လွယ်လွယ်ပေး သဲသဲလှုပ် ချစ်ပြရင် ယောင်္ကျားလေးတွေရဲ့ အထင်သေးတာ တန်ဖိုး မထားတာ ခံရမယ်။ ခပ်ပျော့ပျော့ ခပ်တုံးတုံးအထာ ဖြစ်ပြရင် ယောင်္ကျားလေးတွေရဲ့ လှည့်စားတာ အကွက်ရွှေ့တာတွေ ခံရမယ်။ တစ်ခါတစ်ရံ ပြတ်သားရက်စက် တတ်ဖို့လည်း လိုတယ်…
ကိုယ့်ဘဝကိုလည်း အသက်ထက် ပိုချစ်တတ်ရမယ်… အကြောတင်းသင့်တင်း မာနကြီးသင့် ကြီးပြတတ်ရမယ်… အသေအလဲ ချစ်နေရင်တောင် မုန်းဟန်ဆောင် တတ်ရမယ်…
မိန်းကလေးဖြစ်ရတာ ဘယ်နေရာမှ မနိမ့်ကျပါဘူး… ဘုရားကပေးတဲ့ အလှအပတရားတွေ အကုန် ပိုင်ဆိုင်ထားတယ် နူးညံ့သိမ်မွေ့တဲ့ နှလုံးသားတစ်စုံ ရှိထားတယ်… ကိုယ့်ဘဝ ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ရွေးချယ်ခွင့် ရထားတယ်။
မချစ်ရင် ငြင်းခွင့်ရှိတယ်။ မုန်းရင် လှည့်မကြည့်ခွင့် ရှိတယ်… ဖြစ်ချင်တာတော့ ဖြစ်ခွင့်မရှိဘူး ဖြစ်သင့်တာတော့ ဖြစ်ခွင့်ရှိတယ်… ရွေးချယ်မှု မမှားဖို့တော့လိုလိမ့်မယ်… လောကမှာ ရှင်သန်ဖို့ဆိုရင် ခြင်္သေ့လို ရဲရင့်ပြဖို့လည်း လိုတယ်လေ…
အမှား ရှိခဲ့တိုင်းလည်း အပြစ် မဟုတ်ဘူး။ တစ်ချို့ အမှားတွေက သန့်ရှင်းပါတယ်… မသိလို့ မှားခဲ့မိတာရယ် မနူးမနပ်နဲ့ ငယ်သေးလို့ မှားခဲ့မိတာရယ် ကြောင့်ပါ… အဲ့ဒီ အမှားထဲက အချိန်မှီ ပြန်ရုန်းထွက်နိုင်ဖို့ပဲ လိုတာ။ ။
Credit to someone
Post a Comment