အပျိုစင်ဘ၀ကို လေလံတင်ရောင်းတဲ့ ပြင်သစ်မလေး ၀ယ်သူပေါ်ပီ
ပြင်သစ်နိုင်ငံမှ ကျောင်းသူတစ်ဦးသည် သူမ၏ အပျိုစင်ဘ၀ကို ယူရို ၁ သန်းဖြင့် အင်တာနက်မှ လေလံတင် ရောင်းချရာ ၀ယ်သူပေါ်သွားပြီ ဖြစ်သည်။ အသက် ၂၀ အရွယ် ကျောင်းသူ ဂျက်စမင်သည် လိင်ပိုင်းဆိုင်ရာ အင်တာနက်ဝက်ဆိုက် တစ်ခုတွင် ထိုသို့ရောင်းချခဲ့ရာ အမေရိကန်ပြည်ထောင်စု ဝေါလ်လမ်းမှ ဘဏ်လုပ်ငန်းရှင် တစ်ဦးက ယူရို ၁ ဒသမ ၂ သန်းဖြင့် ၀ယ်ယူသွားခြင်းဖြစ်သည်။
“ ကျွန်မရဲ့ အပျိုစင် ဘ၀ကို ခုလို ရောင်းလိုက်ရလို့ ကျွန်မ ပျော်ပါတယ်။ ၀ယ်သူနဲ့လဲ ကျွန်မ တွေ့ပြီးပါပြီ။ အစပိုင်းမှာတော့ နည်းနည်း ကြောက်မိပေမယ့် ခုတော့ ကျွန်မသူ့ကို တကယ်ကို သဘောကျသွားပါပြီ။ သူဟာ တကယ့် လူကြီးလူကောင်း တစ်ယောက်ဖြစ်ပြီး ကျွန်မကိုလဲ ကောင်းကောင်း ဂရုစိုက်ပါတယ်” ဟု ဂျက်စမင်ကပြောသည်။ “ အသေးစိပ်ကိုတော့ ကျွန်မ မပြောချင်ပါဘူး။ ကျွန်မတို့ ထပ်ပြီး ချိန်းထားကြသေးတယ် ဆိုတာလောက်ပဲ ပြောချင်ပါတယ်”ဟုလည်း သူမက ပြောပါသေးသည်။
သူမ၏ ဆုံးဖြတ်ချက်ကို မိသားစုနှင့် သူငယ်ချင်းများကလဲ အားပေး ထောက်ခံခဲ့ကြောင်း ဂျက်စမင်က ပြောပါသည်။ ဂျက်စမင်ကဲ့သို့ အပျိုစင် ဘ၀ကို လေလံတင် ရောင်းချသူများအနက် Giselle ဆိုသူ အမေရိကန် အမျိုးသမီး တစ်ဦးကိုမူ အဘူဒါဘီမှ စီးပွားရေးသမား တစ်ဦးက ယူရိုငွေ ၂ ဒသမ ၁ သန်းဖြင့် ၀ယ်ယူ သွားခဲ့ဖူးရာ ယင်းသည် အမြင့်ဆုံးဈေး ဖြစ်ကြောင်း သိရှိရသည်။
ref : French student who sold her virginity for £1MILLION through a notorious website claims she fell for the Wall Street banker who bought her for sex
Post a Comment