အချစ်မရှိရင် ဘဝပျက်သွားမယ့် မိန်းမတွေထဲ ညီမလေး မပါစေနဲ့...
မှတ်ထားပါ ညီမလေး...
၂၁ ရာစုမှာ မိန်းမတွေ ရင်ထုပြီး လင်လုရမယ် ဆိုတဲ့ စကား ခပ်ညံညံ ယောက်ျားတွေရဲ့ အောက်လုံးစကားတွေပါ။
ဘဝရဲ့ အစိတ်ပိုင်းလေး တစ်ခုအတွက် စိတ်ရိုင်း မမွေးမိစေနဲ့။ မှတ်ပုံတင်ထဲ ပြန်ကြည့်ပါ။ ညီမလေး ကိုးကွယ်ရာဟာ အချစ် မဟုတ်ဘူး။
ချစ်တော့ ချစ်ပါ။ ပြန်ပြင်လို့ မရတဲ့ အခွင့်အရေးတော့ မပေးမိစေနဲ့။ ဘဝနဲ့ရင်းတဲ့ လက်ရေးအတွက် ဖျက်ဆေး မရှိဘူး။
သူစိမ်း ယောင်္ကျားတွေဆီက အကူအညီကို မလိုအပ်ပဲ မယူပါနဲ့။ နောက်ကွယ်မှာ ပြန်ပေးရတဲ့ အရာတွေက ဘဝနဲ့ ရင်းရတာတွေ ပါလာတတ်တယ်။
ကိုယ်ဆီက လိုချင်တာ မရလို့ ထွက်သွားဖို့ ပြင်ဆင်နေတဲ့ ယောက်ျား တစ်ယောက်ကိုလည်း ဆွဲမထားပါနဲ့။ တစ်ခြား မိန်းမနဲ့လည်း ယှဉ်မလုပါနဲ့။ အောက်တန်း ကျပါတယ်။ ရိုးသားစွာနဲ့ အသဲကွဲခံလိုက်ပါ။
မိန်းကလေး တစ်ယောက် ငြင်းလိုက်ယုံနဲ့၊ နောက်... ဒီမိန်းကလေးနဲ့ ပြတ်သွားပြီး ဆိုတာနဲ့ ဒီစောက်က ဘာဖြစ်တယ် သူနဲ့ ဘယ်လိုဖြစ်တယ် ဆိုပြီး သူပုတ်လေလွင့် ပြောတတ်တဲ့ ယောက်ျားတွေ အများကြီး ရှိတယ် ဆိုတာ သိထားပါ။
ကိုယ်ဟာ မြန်မာ မိန်းကလေး တစ်ယောက်ပါ။ အရှက်တရား အကြောက်တရား သိက္ခာတရား တွေကို အသက်လို တန်ဖိုးထားတတ်သူ ဖြစ်နေပါစေ။
အချစ်မရှိရင် ဘဝပျက်သွားမယ့် မိန်းမ အမျိုးအစား တွေထဲ ညီမလေး မပါစေနဲ့။
🌠ကြယ်လင်းခန့်
Post a Comment