ချစ်သူမိန်းခလေး သ၀န်တိုသောအခါ..
"ရှင့်ကို မုန်းတယ် "
" ငမ့် "
ရှမ်းခေါက်ဆွဲ အတူတူ ထိုင်စားနေတာ အကောင်း စားနေရင်း တန်းလန်း ရုတ်တရက်ကြီး ထကြမ်းပါလေရော..
" ခိုခို ဘာလုပ်မိလို့လား "
မေးပြန်တော့လည်းမဖြေ .. နခမ်းကြီးကို တထွာလောက် ထော်ပီး ကောက်နေတာ..
" ပြောလေ .. ချစ်ရဲ့ .. ခိုခို ခွံ့မကျွေးလို့ ကောက်နေတာလား"
" မဟုတ်ဘူး "
" အာ့ဆွင် .. ခိုခို့ကို ပြောပြလေ.. ဘာဖစ်တာလဲလို့ "
မျက်နှာကို သေချာ အပိုးသတ်ပီး မေးမှပဲ ငတိမက ပြောတော့တယ်
" ရှင် .. ဟိုခွေးမကို ဘာလို့ ငမ်းနေတာလည်း "
" ငင် .. "
သူ မေးငေါ့ ပြတဲ့နေရာကို ကျိလိုက်တော့ ဟုတ်တယ်ဗျာ။ ခွေးမ မှ တကယ့် ခွေးမအစစ် .. ပေါင်ကြီးဖြဲပီးတော့ကို သူ့ခလေး ၃ကောင်ကို နို့တိုက်နေတာ .. နို့က ၆လုံး ၊ ခလေးက ၃ကောင်တည်း ဆိုတော့ ကျန်တဲ့၃လုံးက အရှင်းသား မြင်နေရတယ်။
အာ့ ခဏထားအုံး .. ကျုပ်က ခွေးနို့တိုက်တာကို ငမ်းစရာလား။ ကျုပ်ဆိုတဲ့ကောင် ကလည်း မဟုတ်မခံသမားဆိုတော့ ဒေါသက ထောင်းကနဲ ထွက်သွားတယ် .. တကယ်ပါ ကျုပ် အဲဒါကြီးကို ကျိဖို့မပြောနဲ့ .. ရပ်ကွက်ထဲမှာ ခွေးပူးနေတာ မြင်ရင်တောင် မသိသလို ဟန်ဆောင်ပေးခဲ့တဲ့ ကောင်ပါ။
" ပြောလေ .. နင်ဘာလို့ ငမ်းတာလဲ "
အဟင်း .. မငမ်းရပါဘူး ပြောပြန်ရင်လည်း ထပ်ကောက်နေအုံးမယ်။ ငမ်းပါတယ် ပြောပြန်ရင်လည်း ကိုယ်ပါ ခွေးဘဝလုံးလုံး ဖြစ်အုံးမယ် .. ဒါမယ့်လည်း မတတ်နိုင်ဘူး .. သူစိတ်ကောက် ပြေအောင်တော့ ကျိပြောရမှာပဲ ..
" အင်း .. ခိုခို ခုနက ခဏ ကျိလိုက်မိတယ် ဒါမယ့် ခိုခို တမင်ကျိတာ မဟုတ်ပါဘူး .. ဒီလိုပဲ ဖာသိဖာသာ ကျိမိတာ "
" နင်တို့ ယောင်္ကျားတွေဟာလေ .. ဒီပုတ်ထဲက ဒီပဲတွေပဲ "
ညဲ .. ဝါးလုံးရှည်နဲ့ ရမ်းဘီ
" ဘာဆိုင်လို့တုန်း ချစ်ရယ် .. အဲ့ခွေးမကို ကျိမိတော့ကော..
ခိုခိုက ဘာဖစ်လို့တုန်း "
" အာ့တော့မသိဘူး .. ရှင့်ကို ရောက်တည်းက အကဲခတ်နေတာ ဟိုခွေးမပေါ်ပဲ မျက်စိကျနေတာ .. ဟိုခွေးမကလည်း သွသူ အေးဆေး နို့မတိုက်ဘူး .. ပြန်ကျိနေတယ်လေ "
ဂိန် .. အဲလေ .. တိန် .. သူပြောလိုက်မှ ကျုပ်ပဲ ခွေးမကြီးနို့ပဲ ပြေးစို့ရမလို၊ ခွေးမကြီးကို ပြေးပဲ ဖက်ရမလိုဖြစ်နေပီ .. ဘယ့်နှယ်ဗျာ :'( မတတ်နိုင်ဘူး ချော့မော့ပီးတော့ ရှင်းပြရမှာပဲ...
" ချစ်ရယ် .. အဲ့လောက်ကြီးလည်း သဝန်တိုနဲ့လေ.. နော်.. အဲ့ဒီ ခွေးမကြီးလည်း အိုနေပါဘီ .. "
" အိုနေတာ ရှင် ဘယ်လိုသိလဲ "
(ခွီး .. အာ့မှ သောက်ကျိုးနဲ)
" အာ .. ချစ်ကလည်း .. သူ့နို့ကို ကျိပါလား .. တွဲကျနေပီလေ.. မရှိရင် အနည်းဆုံး ၃သားလောက် ကျပီးနေဘီ "
" တွေ့လား .. ရှင် ငမ်းတာ အရမ်းသိသာသွားပီ .. တနေ့တနေ့ ဒါပဲ လိုက်ကျိနေတာမလား "
" ဟာ .. မကျိရပါဘူး ချစ်ရယ် .. သိသလောက်လေး ပြောကျိတာပါ "
" မယုံဘူး .. ရှင်ဟာလေ ခွေးမနို့တောင် အလွတ်မပေးဘူး သိလား "
ကိုင်း .. ခွေးလုံးလုံး ဖြစ်လည်းဖြစ်ပစေတော့ .. မြန်မြန်ရှင်းပီး မြန်မြန်ထလစ်မှ ဖြစ်တော့မယ်.. ကြာရင် သူအော်နေတာနဲ့ ဘေးဝိုင်းက ကျုပ်ကို တကယ် ခွေးဇာတ်ခင်းနေတယ် ထင်သွားတော့မှာ..
" အင်းကွာ .. ဟုတယ် .. ခိုခို ငမ်းမိသွားတယ် "
" အစောရီးတည်းက ဝန်ခံလိုက်ရင် ပီးရော "
ညင်း !
" အာ့ဆို ခိုခို ဘာလုပ်ပေးရမလဲပြော "
" ကျိမ်ပြ "
" ဟု .. "
(ဘာပဲဖစ်ဖစ် မြန်မြန်လစ်ဖို့က အရေးကြီးတယ် .. )
" အာ့ဆို .. လိုက်ဆို "
" ဟု .. "
" ညာဖက် လက်ကို မြောက်ပီး လက်ဝါးဖြန့်ထား "
" ဟု .. "
ကျွန်ုပ်သည် .. ကျွန်ုပ်သည် ..
ဒီနေ့ ဒီအချိန်မှစ၍.. ဒီနေ့ ဒီအချိန်မှစ၍
နောက်နောင်.. နောက်နောင်
ဘယ်ခွေးမကိုမှ.. ဘယ်ခွေးမကိုမှ
ယောင်လို့တောင် လှည့်မကျိတော့ပါ အရှင်ဘုရား.. ယောင်လို့တောင် လှည့်မကျိတော့ပါ အရှင်ဘုရား
(ခွီး .. )
ကျိမ်ပီးတာနဲ့ သူလည်း ချက်ချင်းကို စိတ်ကောက်ပြေ သွားတော့တာပဲ။ မိန်းခေးတွေ သဝန်တိုတာကလည်း တခါတလေကျ ချစ်ဖို့တော့ ကောင်းသားဗျ .. သူတို့ယုံအောင်သာ လုပ်ပေးလိုက် သဝန်မတိုတော့ဘူး .. ကျုပ်မှာတော့ တွေ့တဲ့တိုင်း ခွေးလုံးလုံးကြီးကိုဖြစ်လို့ .. ဒါမယ့်လည်း ချစ်လို့သဝန်တိုတာ ဆိုတော့ ခွင့်လွှတ်ရမှာပေါ့ ..
ဒီလိုနဲ့ပဲ အဆင်တွေပြေသွားကြပီး ၂ယောက်သား လျှောက်လည်ကြ .. မုန့်တွေစားကြရင်း အိမ်အပြန်ကျ လမ်းမှာ သူက မေးသွားသေးတယ်...
" ခိုခို့ ရပ်ကွက်ထဲမှာ ခွေးမ ဘယ်နှကောင် ရှိလဲ " တဲ့
ငင့်
😉😉😉
ဖြိုးလေး..
Post a Comment