Header Ads

ဒီလိုမိန်းမတွေ ရှားတယ် …


ကိုယ်ချစ်တဲ့ မိန်းကလေး တစ်ယောက်ကို
ဘယ်တော့မှ နာကျင်အောင် မလုပ်မိစေနဲ့

သူမ နှလုံးသားက ခွင့်လွှတ် ပါတယ် ဆိုရင်တောင်
ဦးနှောက် ကတော့ မေ့နိုင်မှာ မဟုတ်ပါဘူး

မိန်းမတိုင်းဟာ တန်ဖိုး တစ်ခု ထိုက်ပါတယ်

တစ်ယောက်သွားလည်း ဘာဖြစ်လဲ ........
မိန်းမ မရှားဘူး လို့ ကြွေးကြော်တတ်တဲ့ သူတွေ
ရှေ့ထွက်ခဲ့ စမ်းပါ
မင်းတို့ လိုချင်တိုင်း ရခဲ့လားလို့ ?
မေးကြည့်ချင် လို့ပါ

မိန်းမ မရှားဘူး ဆိုတာ ဟုတ်ပါတယ်
မင်းလက်ထဲ ငွေရှိနေချိန်ပေါ့

ဟော့ .... တစ်ယောက် ဟော့ ..... တစ်ယောက် တွဲလို့ ရတယ်လေ

ဒါပေမယ့်

မင်း ဆိုးသမျှ အနစ်နာ ခံပေးမယ့် မိန်းမ မျိုးတော့ ရှားလိမ့်မယ်

မင်း စကားကို အမိန့် တစ်ခုလို မှတ်ယူတတ်တဲ့
မိန်းမမျိုးတော့ ရှားလိမ့်မယ်

မင်း အောင်မြင်နေချိန်ပဲ ဖြစ်ဖြစ် ကျရှုံးနေချိန်ပဲ ဖြစ်ဖြစ်
လက်တွဲ မဖြုတ်တမ်း ဖေးကူပေးမယ့် မိန်းမမျိုးတော့ ရှားလိမ့်မယ်

မင်းနဲ့အတူ ဆိုးတူ ကောင်းဘက် နေပေးနိုင်မယ့်
မိန်းမမျိုးတော့ ရှားလိမ့်မယ်

Credit : Kyat LynnKhatt

No comments

Powered by Blogger.