'' မွေးလ နှင့် အချစ် ''
(January)
------------
ဦးနှောက်ထက် နှလုံးသားကို ပိုဦးစားပေး ရွေးချယ် တတ်တယ် ။ အချစ်စစ်ကို ရှာဖွေရင်းနဲ့ " EX " စာရင်း ထပ်တိုးသွား တတ်တယ် ။ ရည်းစား ရတော့ ကံသိပ်ကောင်းကြ ပါတယ် ။ ငုံထား မတတ် ချစ်ပြတတ်တဲ့သူနဲ့ချည်း တိုးပေမယ့် အချိန်တန်ရင်တော့ " FA " ပါပဲ ။
(February)
-------------
အချစ်ကို အသေအလဲ ကိုးကွယ်တယ် ။ မဖြစ်နိုင်တဲ့ လူ ကိုမှ " Crush " ချင်ကြတာ .. အဲ့ဒါနဲ့ တန်ပြန် အဖက် မလုပ်ခံရတာက မြင်မကောင်းဘူး ။ လူတွေ အမြင်မှာ သိပ် " Smart " ကျ ၊ သိပ် " လန်း " လို့ သြော်သူကဖြင့် အချစ် ကံကောင်းမှာဘဲ ချည်း အထင် ခံရမယ် ။ တကယ်က မျက်ရည်ကို ကန်ထရိုက် ဆွဲထားရတာ ။
(March)
----------
စိတ်ခံစားမှု အရမ်းလွယ်ပြီး သနားတတ်တဲ့ အကွက်ကြောင့် ရမယ့် ရည်းစားရဲ့ အနိုင်ယူတာ ခံရတတ်တယ်။ ဘဝမှာ သိပ်ချစ်ခဲ့ဖူးတဲ့ သူနဲ့ နီးစပ်ပြီး ကာမှ ရင်နာစွာ လွဲချော်ခဲ့ရ ဖူးတယ် ။ ချစ်မယ့် ကြိုက်မယ့်သူ ပေါတာက အားနည်းချက် တစ်ခု ဖြစ်ရော ။
(April)
--------
ကိုယ်က 100% ချစ်လို့ 100% ပြန်ရမယ့် အထဲမှာ " April " လ ပိုင်ရှင် မပါဘူး ။ ကတောက်ကဆ ပြဿနာတွေ ကြားထဲကပဲ " Romantic Love " လေးတွေ ပုံဖေါ် နိုင်မယ် ။ လူတစ်ယောက်ကို ချစ်တော့မယ်လို့ ဆုံးဖြတ်လိုက်တိုင်း အဲ့လူရဲ့ " Case " တစ်ခုကြောင့် ဒိုင်ရှိုလေး နောက်ဆုတ်ရတာ များတယ် ။
(May)
--------
ရောက်တဲ့ နေရာတိုင်းမှာ မချောရင်တောင် လည်ပြန် ငေးရတဲ့ အထိ ဆွဲဆောင်မှု တစ်ခု ရှိပါလျှက် အချစ်စစ် ရဖို့ ကျတော့ လူ့ပြည်က အပ် နဲ့ နတ်ပြည်က အပ် ထိတာထက် ပိုခက်တဲ့ အထိ ရှားပါး တတ်တယ် ။ ကိုယ်တိုင်က မာန ခေါင်ခိုက်နေတတ် လို့ အနားမကပ်ရဲ ချစ်ရေး မဆိုရဲ ကြတာလည်း ပါတယ် ။
(June)
--------
ကိုယ့်ဘဝထဲ ခဏပဲ ဝင်လာလာ တစ်သက်လုံးပဲ နားခိုခို အဲ့လူ ပျော်အောင် ထားတယ်။ အနစ်နာခံ ချစ်ပေးတယ် ပေးဆပ်ဖို့ သက်သက် လူဖြစ်လာတယ်။ ပြန်ရတဲ့ အချစ်တွေက မတန်ဘူး ဥပေက္ခာတွေ စက်သေနတ်လို တရစပ် အပစ် ခံရတယ် ။ ရတဲ့ ချစ်သူလည်း မခေဘူး ဒိတ်ဒိတ်ကြဲ အထဲကပဲ များတယ် ။
-------
အတိတ်က သိပ်ချစ်ခဲ့ ဖူးတဲ့ လူတစ်ယောက်ရဲ့အရိပ်က ကြီးမားလို့ တော်ရုံ တစ်ယောက်ကို လွယ်လွယ်အစားမထိုးတတ် ကြဘူး ။ သစ္စာတရားကို ဘုရားလို ကိုးကွယ် တတ်ပြီး ကိုယ့်ကို ဖေါက်ပြန်သွားတဲ့ သူဆို အသေအလဲ မုန်းတတ်တယ်။ ကိုယ်က ချစ်လို့ ရည်းစား မရဘူး ။ ကိုယ့်လာကြိုက်လို့ပဲ ရသွားတာချည်း ။
(August)
-----------
စ တွဲလိုက်တိုင်း ထာဝရအတွက် ရည်မှန်းခဲ့တာ ချည်းပဲ ။ တဖြေးဖြေးနဲ့ " Heart Breaker " ဖြစ်တဲ့ အထိ ချစ်သူတွေ များသွား တတ်တယ်။ ကိုယ်က သေလုမျောပါး ချစ်ပြအုံး ပြန်ရတဲ့ အချစ်က " premier coffee " လိုပဲ .. " thank you " ထက် မပိုဘူး တန်ဘိုးကြီးကြီး တုန့်ပြန်ပြီး ချစ်ပေးမယ့်သူက ရှားတယ် ။
(September)
----------------
အချစ်ကို ခယပြီး အောက်ကျခံ ယူမယ့်သူတွေ မဟုတ်ဘူး ။ ချေတတ်တဲ့ အထာလေးက မွေးကတည်းက ။ သူ့ဘာသူ သေလောက်အောင် ချောနေပါစေ ဂရုမစိုက်ဘူး အမြင်တောင် ပိုကပ်ပြ လိုက်သေး ။ ချစ်သူ မရှိရင်နေ လက်ထဲ မုန့်မရှိရင် မနေတတ်တဲ့ သူမျိုး ။ ရင်ခုန်သံ ဆိုတာလည်း ပဲရစ် မျှော်စင်လိုပဲ .. တောင့်တောင့်ကြီး ။
(October)
-------------
ချစ်တယ် ဆိုတဲ့ စကား ပြောထွက်လိုက် ရမှာ သေမလောက် ရှက်တတ် ကြတယ် ။ မရှိ ရှိတာလေးနဲ့ အထာကျအောင် လန်းအောင် နေတတ်လို့ ချစ်တဲ့သူတွေ ကလည်း ခလေးအရွယ် ကနေ ဟိုးး 40 + တွေ အထိ ပေါချက်များ မြင်မကောင်းဘူး ။ ရစ်တတ်တဲ့ အကျင့်က မွေးကတည်းကပဲ။ အဲ့ဒဏ် ခံနိုင်တဲ့သူက ဒီကမ္ဘာမှာ မမွေးသေး လောက်ဘူး ။
(November)
---------------
ကိုယ်က ချစ်ရတဲ့သူက အရမ်းပြည့်စုံ အရမ်းလှတယ် .. မရဘူး ။ ရတယ် .. ကိုယ့်ထက် မပြည့်စုံဘူး လှပေ့ဆိုတာလည်း မဟုတ်။ တစ်ခါ တစ်ခါ ရည်းစားရဖို့ အတွက် " Leap year " ( ရက်ထပ် နှစ် ) စောင့်ရသလို ကြာသလို ရပြီဟေ့ဆို တစ်ရက်တည်း " Propose " အနိမ့်ဆုံး သုံးခု အထက် အလုပ် ခံရတာလေ ။
(December)
--------------
အချစ်ရေး ကံကောင်းတတ်တဲ့ သူတွေပါ ။ အခက်အခဲတွေ ဘယ်လောက်ပဲ ရှိနေဦး အချစ်ကြောင့် ဘဝကြီး ခမ်းနားရမယ် ။ ရည်းစားစထား တစ်ယောက် ဘဝလက်တွဲဖေါ်လည်း ဒီတစ်ယောက် ဖြစ်သွားတတ်ပါတယ်။ ရည်းစားရဖို့ အတွက် သိပ်ပြီး အားမစိုက်ရဘူး ။ သူငယ်ချင်း / ပတ်ဝန်းကျင် က ဝိုင်းလှော်လို့ အနေနီးစပ်တဲ့သူနဲ့ ချစ်သူတွေ ဖြစ်လိမ့်မယ်။
ကဲ အခုဖတ်နေတဲ့သူကရော ဘယ်လဖွားလဲ။
ကိုယ့်အတွက် ဖတ်ပြီးပြီ ဆိုရင်လည်း
သူငယ်ချင်းတွေ သိဖို့ mention ခေါ်ပြလိုက်ဦးနော်။
Credit : Original Uploader
Post a Comment