ဆရာမလေးတွေကို အိမ်ထောက်ဘက်အဖြစ် ရွေးတဲ့အခါ..
နန်းဆန်တဲ့ အလှမျိုး နဲ့ အိနြေ္ဒ ရ ရ လှနေတဲ့ ကောင်မလေး တစ်ယောက်ကို ခင်ဗျား လက်ဝယ် ပိုင်ဆိုင်လိုက် သလိုပါပဲ ။
ခင်ဗျား သစ္စာ ဖောက်ခံရမှာလည်း မပူပန်ရဘူး။ ခြံ ခုန်မှာလည်း မကြောက်ရတော့ဘူး။ ( မျက်နှာ များဖို့ မပြောနဲ့ ဟိုက သူ့စာသင်တဲ့ အလုပ်နဲ့သူ တိုင်ပတ်နေတာ )
လူတိုင်းက လေးစားရတဲ့ ချစ်သူကို ခင်ဗျား ရရှိလိုက်တာပါ။ ပြောရရင် ခင်ဗျားပါ မျက်နှာ ပွင့်လာလိမ့်မယ်။
တစ်ခါ တစ်ခါ ခင်ဗျား ချစ်သူနဲ့ အပြင်သွားရင် ခင်ဗျားပါ တွဲပီး မင်္ဂလာပါ ဆိုပြီး သူ့ တပည့်တွေရဲ့ နှုတ်ဆက်ခြင်းကို ခံရလိမ့်မယ်။
အရွယ်နဲ့ မလိုက်အောင် တည်ငြိမ် ရင့်ကျက်နေ လိမ့်မယ်။ စိတ်ဆိုးတာတွေ ၊ စိတ်ကောက်တာတွေ ၊ ရစ်တာတွေ ခင်ဗျား ကို သိပ်မလုပ် စေရဘူး။
သူက ခင်ဗျားကို ချစ်သူလိုလည်းချစ်လိမ့်မယ်။ မိဘ လိုလည်း ဂရုစိုက်ကြင်နာ လိမ့်မယ်။ ဆရာ တစ်ယောက်လို လည်း ဆုံးမလမ်းညွှန် လိမ့်မယ်။
တစ်ခါ တစ်ခါ ခင်ဗျားကို သူ့တပည့်တွေ ဆုံးမသလို ဗျစ်တောက် ဗျစ်တောက် နဲ့ ပြောလိမ့်မယ်။
ကရုဏာ ဒေါသတွေ ၊ဖြစ်စေချင် လွန်းတဲ့ စေတနာတွေ လွန်ကဲပြီး တစ်ခါ တစ်ခါ ခင်ဗျားကို စိတ်ကောက်ပြီး ရန်တွေ့ လိမ့်မယ်။
ဒါမဲ့ သူဝမ်းနည်းတဲ့ အချိန်မှာတော့ ခင်ဗျား ရင်ခွင်မှာ ကလေးလေး တစ်ယောက်လို အော်ငို လိမ့်မယ်။
သူ့မှာ သူ့တပည့်တွေကြား လူကြီးဖြစ်နေရတာ ကြာပြီလေ ။ သူ့ကို ကလေးလေး တစ်ယောက်လို နှစ်သိမ့်ပေးမဲ့ လက်တစ်စုံ သူလိုချင် ရှာမှာပေါ့။
သည်းခံပေး လိုက်ပါဗျာ ။ ခင်ဗျား ချစ်သူ တော်ထားတာက ဆရာမ လေ။ ဒီလောက်လေးတော့ ရှိမှာပေါ့။
ဆရာ ဆိုတာ လောက တိုးတက်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့သူပါ။
ဆရာမလေး တစ်ယောက်ကို ချစ်သူ အဖြစ် ရရှိထားတဲ့ ခင်ဗျား ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက် စမ်းပါ။
သူ့တပည့် တွေကို သူ လမ်းမှား မရောက်ဖို့ ပညာ မီးရှူးတိုင် ကိုင်ပြီး လမ်းပြသလို လက်တွဲဖော် ဖြစ်မဲ့ ခင်ဗျားကိုလည်း သူ့ နှလုံးသားနဲ့ ရင်းပြီး ခင်ဗျား အနာဂါတ်တွေ အတွက် ပုံဖော် ထုဆစ် ပေးလိမ့်မယ်။
ခင်ဗျား ဘဝ ကြီး မယိမ်းယိုင်သွားစေဖို့ ခင်ဗျားကို နောက်ကွယ်က ပံ့ပိုးပေးမဲ့ ခင်ဗျား ပဲ့ကိုင်ရှင် တစ်ယောက် ဖြစ်လာပါလိမ့်မယ်။
အဲ့ဒီတော့ ကိုယ့်လူတို့ရေ .... '' သစ်ပင် ဝါးပင် အရိပ်ထက် .... ဆရာမ အရိပ်က ပိုအေးမြတာ ယုံပါဗျာ ''
ခဲတံ
Post a Comment