အပျိုရည်ပျက်ခဲ့တဲ့ အတွေ့အကြုံကို ပွင့်လင်းစွာပြောခဲ့တဲ့ ကမ္ဘာကျော်မင်းသမီးများ
အပျိုရည် ပျက်တယ် လို့ စကားလုံး ကြားလိုက်တာနဲ့တင်ကို မိန်းကလေး တစ်ယောက်ရဲ့ဘဝမှာ ကြီးမား တဲ့ကြောက်လန့်မှုနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုလည်း ရရှိခဲ့မှာပါ။ အပျိုရည် ပျက်သွားတယ် ဆိုတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဘဝမှာ တန်ဖိုးအထားဆုံး အရာတစ်ခုလည်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုရမှာပါ။
အလိုပါခဲ့လို့ ဖြစ်စေ၊ အလိုမပါခဲ့လို့ဖြစ်စေ အပျိုရည်ပျက်သွားခဲ့ရတဲ့ အချိန်တိုင်းမှာတော့ မိန်းကလေး သဘာဝ ခံစား မှု အတွေ့အကြုံကတော့ ရှုပ်ထွေးပြီး စိတ်လှုပ်ရှားမှု၊ ကြောက်လန့်မှု အမြင့်ဆုံးကိုရောက်ရှိနေမှာပါ။
ကမ္ဘာကျော် အနုပညာရှင်တွေ ထဲမှာလည်း အပျိုရည် ပျက်သွားရတဲ့ အတွေ့အကြုံတွေမှာ ပုံမှန် မဟုတ် တဲ့ အကြောင်းအရင်းနဲ့ အတွေ့အကြုံတွေဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘယ်သူတွေက အသက် ဘယ်အရွယ်မှာ၊ ဘယ်အကြောင်းအရင်းကြောင့် အပျိုရည် ပျက်ခဲ့ရသလဲ ဆိုတာက ပရိတ်သတ်တွေ အတွက် တကယ့် ရှော့ခ်ရစရာ အကြောင်းအရင်း ပါပဲ။
အိန်ဂျလီနာ ဂျိုလီ
သူမ အသက် သိပ်မငယ်တော့တဲ့ အရွယ်မှာ သူမရဲ့ ရည်းစားကောင်လေးနဲ့ အတူ အိပ်ဖြစ်ခဲ့ပါသတဲ့။ အဲ့ဒီမှာပဲ သူမရဲ့ အပျိုစင်ဘဝ ပထမဆုံး အပျိုရည် ပျက်ခဲ့ရခြင်းပဲ ဖြစ်ပါသတဲ့။ ဂျိုလီကတော့ သူမရဲ့ အပျိုစင်ဘဝကို သူမဆန္ဒအလျောက် ရည်းစား ကောင်လေးကို ပေးခဲ့တယ်လို့ ဆိုပါတယ်။ သူမက လည်း ချစ်သူနဲ့ အတူ နီးနီးကပ်ကပ် နေချင်တဲ့ ဆန္ဒတွေ ရှိနေခဲ့တာကိုး။ သူမတို့နှစ်ဦးသား အပြန်အလှန် ပဲ ခံစားမှုတွေ ဝေမျှရင်း ကောင်းကောင်းမွန်မွန်ပဲ ပြီးဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။
မီဂန်ဖောက်စ်
သူမဆီမှာတော့ အိပ်ယာထဲက ကိစ္စနဲ့ပတ်သက်ပြီးတော့ ထူးထူးဆန်းဆန်း အတွေ့အကြုံတွေ အများကြီး ရှိတယ်လို့ ဆိုပါတယ်။ ပထမဆုံး အပျိုရည် ပျက်ခဲ့ရတဲ့ အချိန်မှာတော့ မီဂန့်အတွက် အရမ်းကြီး ထူးခြားတာမျိုးတော့ မဖြစ်ဘူးလို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူမ အပျိုစင် ပေးလိုက်တဲ့သူဟာ သူမအတွက် အရမ်းချစ်ရသူ တစ်ဦးဖြစ်လို့ အဲ့ဒီတုန်းကတော့ တော်တော်လေး နေလို့ကောင်းခဲ့တယ် လို့ ဆိုပါတယ်။
ကင်မ်ကာဒါရှီယန်
သူမကတော့ အသက် ၁၅ နှစ် အရွယ်မှာပဲ အိပ်ယာထဲက ကိစ္စကို စတင်အတွေ့အကြုံ ရခဲ့ပါသတဲ့။ သူမအနေနဲ့ အတူနေမယ့် အဖော်ဖြစ်သူနဲ့ နှစ်ယောက်သား တိုင်ပင်ခဲ့ကြတယ်။ အတူနေမလား၊ မနေဘူးလား။ ဘာတွေလုပ်ကြမလဲ။ နောက်ပြီး ကိုယ်ဝန် မရလာဖို့ကော ဘာတွေ လုပ်ကြမလဲ ဆိုတဲ့ မေးခွန်းတွေ တိုင်ပင်ပြီးတော့.. အိုကေပြီ ဆိုမှ တစ်စခန်း သွားခဲ့ကြတယ်လို့ပဲ သူမရဲ့ အတွေ့အကြုံကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။
စနိုကီ
သူမကတော့ အသက် ၁၄ နှစ် အရွယ်မှာပဲ စီနီယာ တစ်ယောက်နဲ့ နယူးယောက် မြို့တော်မှာ အတူအိပ် ခဲ့မိတယ်လို့ ဆိုပါတယ်။ သူမရဲ့ အပျိုစင်ဘဝကို ပထမဆုံးအကြိမ် ပေးခဲ့တဲ့ စီနီယာက သူမကို နှစ်သက်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့်လည်း အဲ့ဒီ စီနီယာကတော့ သူမထင်သလို မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။ အဲ့ဒီတော့ သူမရဲ့ ပထမဆုံးအတွေ့အကြုံကတော့ ထိတ်လန့်စိတ်ပျက်စရာပဲလို့ ဆိုပါတယ်။
မေ(shwe innlay)






Post a Comment