Header Ads

ဒီလိုမျိုး မိန်းမထဲ မပါပါစေနဲ့


တချို့တချို့ မိန်းမတွေက အချစ်ရေးကို အခြားအရာတွေထက် ရှေ့တန်း တင်ကြတယ် ။

တချို့ မိန်းမတွေက နှလုံးသားကို ဦးစားပေးကြတယ် ။

အဲ့ဒီလို နှလုံးသားရေး ရှေ့တန်းတင် ဦးစားပေးတော့ တစ်ရာမှာ ကိုးဆယ့်ကိုး ရာခိုင်နှုန်းက မိန်းမတန်မဲ့ ကြိုး ရှည်ရှည်နဲ့ အလှန်း ခံရတယ် ။

မိုက်လုံးကြီးစွာပဲ အိမ်ထောင်သယ် ဘဝကို မရောက်ခင် ခန္ဒာကိုယ်ကို ပေးလို့ အသွေး အသားကို စတေးကြတယ် ။

အချစ်စိတ်တွေ မွှန်နေတဲ့ အတွေးနဲ့ ကိုယ်ဝန်သာ ရခဲ့ရင် ငါ့ရည်းစား ၊ ငါ့ချစ်သူတော့ ငါ့ကို ယူကောင်းပါရဲ့ ၊ နှမချင်း စာနာတတ်တဲ့ စိတ်ထားရှိရင် တာဝန်ယူကောင်းပါရဲ့ ဆိုတဲ့ အတွေးနဲ့ ဗိုက်ကြီး ခံကြရတယ် ။

အချစ်ရဲ့ စွမ်းအင်ကိုလည်း ပြသကြတယ် ဆိုပါတော့ ( ထင်သလို ဖြစ်ခဲ့လား တွက်ဆထား သလို အဖြေထွက်ခဲ့လား ) မိမိရဲ့ ခန္ဒာကို မိမိမှ တန်ဖိုး မထားရင် ဘယ်သူမှ တန်ဖိုး မထား ပါဘူး ။ နှမချင်းလည်း စာနာစရာအကြောင်း မရှိပါဘူး ။

ထိုးကျွေးတဲ့ သူက ထိုးကျွေးတယ် ။ ဆွဲစားတဲ့ သူက ဆွဲစားတယ် ။ သည်အခြေနေမျိုး တရပ်က နှမချင်း မစာနာဘူးလို့ ပြောလို့ မရတော့ ပါဘူး ။ မိမိကိုယ်ကို မစာနာလို့ ထိုးကျွေးတာ ဆွဲစားသူမှာ အပြစ် မရှိဘူး ။
( အလိုမတူရင် တရားစွဲလို့ ရနေတယ်နော်)

မိန်းမတော့ မိန်းမပဲ ဦးနှောက်ကို ရှေ့တန်းတင်တဲ့ မိန်းမ ဖြစ်ရမယ် ။
ဥာဏ်ရှိတဲ့ မိန်းမ ဖြစ်ရမယ် ။
စဉ်းစား ဆင်ခြင်တတ်တဲ့ မိန်းမ ဖြစ်ရမယ် ။

မိန်းခလေးတွေရဲ့ ဘဝက ကြိုးတန်းပေါ်မှာ လမ်းလျှောက်ရ သလိုပဲ ။
ခြေတချက် တိမ်းလို့လည်း မရဘူး ၊ ခြေ တချက် ယိမ်းလို့လည်း မရဘူး ။
အမှားထဲက အမှန်ကို ရွှေချယ်သလို့ ဘဝလမ်းလေး ဖြောင့်ဖြူးနိုင် ပါစေ ။
ပျော်ရွှင်ချမ်းမြေ့ပါစေ ...... ။

ဂဂါင်္မြစ်ရေ

No comments

Powered by Blogger.