Header Ads

ကောင်မလေးကို ကောင်လေးက အရမ်း ချစ်မိသွားသောအခါ


အချစ် ဆိုတာ ရှာနေတဲ့အခါ မတွေ့ပြန်ဘူး ။ မရှာဘဲ နေပြန်တဲ့အခါ ကျတော့လည်း အနားကို ရောက်ရောက် လာတတ်တယ် ။ ကိုယ်က သူ့ကို အရမ်း ချစ်တယ် လို့ ထင်နေတာတွေဟာ တခါတလေမှာ ဟာသ ဖြစ်သွားတတ်သလို ကိုယ်က မချစ်ဘူး သူ မရှိလည်း ဘာမှ မဖြစ်ပါဘူးလို့ ထင်နေပေမယ့် တကယ်တမ်း သူထားသွားတဲ့ အခါ အသဲ ခိုက်အောင် နာကျင် နေရတာတွေ ရှိပါတယ် ။

ကိုယ့်ချစ်သူ ကောင်လေးက ကိုယ့်အပေါ် တကယ် ချစ်မချစ် ဆိုတာ ဘယ်လို သိနိုင်မလဲ ဆိုတဲ့ လက္ခဏာရပ် အချို့ကို မျှဝေပေးချင် ပါတယ် ။

1) ချစ်ခင် ကြင်နာတတ်လာတယ်

မိန်းကလေး တယောက်ကို တကယ် ချစ်မိသွားတဲ့ အခါ အလိုလို ချစ်ခင် ကြင်နာမှုတွေ ပါလာပြီး ရန်ဖြစ် စကားများရင်လည်း ကိုယ်ဘက်ကပဲ အလျှော့ပေးဖြစ် သွားတာမျိုး ရှိပါတယ် ။ ကိုယ်က သူ့အပေါ် အနိုင်မယူပဲ အရှုံးပေးချင် လာတယ် ။ သူပျော်ရင် ကိုယ်လည်းပျော်တယ် ဆိုတဲ့ ကြင်နာမှုမျိုးတွေ ချစ်တတ်တဲ့ အမျိုးသားတွေမှာ ရှိပါတယ်။ ဒါ့ကြောင့် ချစ်သူ နှစ်ဦးရဲ့ကြား ရန်ဖြစ် စကားများတာတွေ အလိုလို ပြီးဆုံးသွားတော့ မှာပါ ။

2) ဟာသတွေ အရမ်း ပြောတတ်လာတယ်

ချစ်သူကို အရမ်း ချစ်မိသွားတဲ့ အခါ သူပျော်ဖို့ အတွက် ဟာသတွေ ပြောတတ်လာတယ် ။ ဘယ်လို ပျော်အောင် လုပ်ရမလဲ ဆိုတာတွေ တွေးတတ်လာတယ် ။

3) ယုံကြည်မှုတွေ ရှိလာတယ်

ချစ်သူ နှစ်ယောက်လုံး အတွက် ပန်းတိုင်ဆိုတာ ရှိလာတယ် ။ ကောင်လေးက ကောင်မလေးကို ချစ်မိသွားတဲ့ အခါ အရင်ကတော့ ပေပေ တေတေ နေထိုင် ခဲ့ရင်တောင် ချစ်သူကို တကယ် ချစ်မိသွားတဲ့ အခါ သူ့ကို ပျော်ရွှင်အောင် ထားမယ် ဆိုတဲ့ ယုံကြည်မှုတွေ ရှိလာပါတယ် ။ ချစ်သူ နှစ်ယောက် စလုံးရဲ့ အနာဂတ် အတွက် ပန်းတိုင်တွေ ရှိလာတယ် ။

4) တည်ငြိမ် ရင့်ကျက် လာတယ်

တာဝန်ယူ မှုတွေ ရှိလာတယ် ။ ချစ်သူကို တကယ် ချစ်မိသွားတဲ့ အခါ တည်ငြိမ် ရင့်ကျက်လာတယ် ။ အရင်က ဖွန်အရမ်း ကြောင်ခဲ့ရင်တောင် အခု မကြောင်တော့ဘူး ။ သူ့ကို ချစ်နေသမျှ ကာလ ပတ်လုံး မဖောက်ပြန်ဖို့ အတွက် သစ္စာတရားတွေ ရှိလာတယ်။ ကိုယ် သူ့အပေါ် ချစ်တဲ့ အချစ်အပေါ်၊ ကိုယ့်ရဲ့ ခံစားချက် အပေါ် တာဝန်ယူမှုတွေ ရှိလာတယ် ။

5) စကားတွေ အရမ်းပဲ ပြောတတ်လာတယ်

စကားပြောတာဟာ တယောက်နဲ့ တယောက် အချစ်တွေ ပိုတိုးလာစေ သလို ယုံကြည်မှုတွေလည်း တိုးလာစေ ပါတယ် ။ ချစ်သူ နှစ်ဦးရဲ့ နေ့ထူးနေ့မြတ်တွေ ၊ Valentine Day နေ့တွေ ၊ ချစ်သူရဲ့ မွေးနေ့တွေမှာ Surprise တွေ လုပ်တတ်လာတယ် ။ စကားတွေလည်း အရမ်း တတ်လာတယ် ။ တချို့တွေဆို အရမ်းလန်းတဲ့ စကားလုံးတွေ ထွင်တတ် လာပြီး အချစ် ကဗျာတွေ ဝေေ၀ ဆာဆာ သီကုံး လာနိုင်တယ် ။

Credit :

No comments

Powered by Blogger.