ကိုယ့်အချစ်ဆုံး သူငယ်ချင်းလေး အသဲကွဲ ၀မ်းနည်းနေတဲ့ အခါ
လူတိုင်း လူတိုင်းမှာ အချစ်ဆုံး သူငယ်ချင်း လေးတွေ ရှိကြပါတယ် ။ မိမိရဲ့ အချစ်ဆုံး သူငယ်ချင်းလေး အသဲကွဲ နေတဲ့ အခါ ၊ ဒါမှမဟုတ် စိတ်ဖိစီးမှုတွေ များပြီး စိတ်ဓာတ်ကျ ငိုကြွေး နေရင် သူငယ်ချင်းကောင်း တယောက်နဲ့ နှစ်သိမ့်ပေးသင့် ပါတယ် ။
အောက်ပါ နည်းလမ်းလေးတွေ နဲ့ သင့်ရဲ့ အချစ်ဆုံး သူငယ်ချင်း ကို အကောင်းဆုံး နှစ်သိမ့်ပေးနိုင် ပါတယ် ။
1) ကော်ဖီ တခွက်လောက် တိုက်ပြီး အားပေးစကားလေးတွေ ပြောပါ
စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းကို သူနဲ့ တူတူထိုင်ပြီး ကော်ဖီလေး တစ်ခွက်လောက် တိုက်လိုက်ပါ။ ပီးရင် လေကောင်းလေသန့်လေး ရှုစေပြီး သူရင်ထဲမှာ ရှိတာတွေကို ဖွင့်ပြောပါစေ။ လေးလေးနက်နက် နားထောင်ပေးပြီး အကြံပေးလို့ရရင် အကြံပေးပါ။
2) သူ့ကို ပွေ့ဖက်ထားပါ
သူ့ကို တင်းတင်း ကျပ်ကျပ် ပွေ့ဖက်ထား ပေးပါ ။ ပြီးရင် သင့် သူငယ်ချင်းလေးကို သင့်ပုခုံးပေါ်မှာ ငိုပါစေ ။
" ဘ၀မှာ ပုခုံးပေါ် ခေါင်းတင်ပြီး ငိုခွင့် ပေးတဲ့ သူငယ်ချင်း တယောက် ရှိရင် သိပ်ကံကောင်းတယ် "
( ဆရာကြီး အောင်သင်း )
3) သူနဲ့ လမ်းအတူ လျှောက်ပါ
သူနဲ့ အတူတူ လမ်းလျှောက်ရင်း လေညှင်းခံ ထွက်ပါ ။ ပြီးရင် ဘာပြသနာ အကြောင်းမှ မဆွေးနွေးပဲ ရယ်စရာ ၊ စိတ်ချမ်းသာစရာ လေးတွေ ကိုပဲ ပြောဆို ဆွေးနွေးပါ ။
4) မြူးမြူးကြွကြွ သီချင်းတွေ ဖွင့်ပြီး ကားပတ်မောင်းပါ
ဂီတ ဆိုတာ စိတ်ဓာတ်ကျနေသူတွေ အတွက် အကောင်းဆုံး ကုထုံး တခုလည်း ဖြစ်ပါတယ် ။ ကားမောင်းရင် သင့်သူငယ်ချင်း အကြိုက်ဆုံး သီချင်းတွေ Playlist လုပ်ပြီး ဒါ မင်းအတွက် ( နင့်အတွက် ) ဆိုပြီး ကျယ်ကျယ် လောင်လောင်လေး ဖွင့်ပေးလိုက်ပါ ။ ( အဆွေးသီချင်းတွေ မဖွင့်မိစေနဲ့နော် )
5) သူနဲ့ ညစာ အတူတူ ထွက်စားပါ
အဆင်ပြေမယ် ဆိုရင် ညစာ အတူ ထွက်စားပါ ။ အစား စားနေရင် စိတ်ညစ်နေတာတွေ မေ့နေတတ် လို့လည်း ပြောလေ့ ရှိကြပါတယ် ။ မိန်းကလေးတွေ ဆိုရင်တော့ သင့်ရဲ့ စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းကိုအိမ်ခေါ်ပြီး ဟင်းချက် ကျွေးမွေးတာတွေ ဘာတွေ လုပ်နိုင်ပါတယ် ။
6) ရုပ်ရှင် အတူတူ ကြည့်ပါ
ဟာသ ကားတွေ၊ ကာတွန်း ကားတွေ ဆို ပိုကောင်းပါတယ် ။ အသဲ ကွဲနေတဲ့ သူငယ်ချင်းကို အချစ်ကား ပြမိလို့ ပိုပြီး ခံစားနေရပါ ဦးမယ် ။ ရယ်သောသူသည် အသက်ရှည်၏ ဆိုတဲ့ စကားအတိုင်း သင့်ရဲ့ BFF ကို စိတ်လွတ် ကိုယ်လွတ် ရယ်မောစေပြီး စိတ်ဖိစီးမှုတွေ လျှော့ချပေး လိုက်ပါ ။
7) ပျော်စရာ အမှတ်တရလေးတွေ ပြန်ပြောပြပါ
ပျော်စရာရွှင်စရာ အမှတ်တရ Memory လေးတွေကို လူတိုင်း လူတိုင်း နှစ်သက် သတိရလေ့ ရှိကြပါတယ် ။ သူငယ်ချင်းတွေနဲ့ အတူ ခရီးသွားခဲ့တာ ဖြစ်ဖြစ် ပျော်ရွှင်စရာ အမှတ်တရလေးတွေ အကြောင်း ပြန်ပြောပြီး စိတ်ညစ်စရာတွေကို မေ့ပျောက်အောင် ပြုလုပ်ပေး လိုက်ပါ ။ ဖြစ်နိုင်ရင် စိတ်ပြေလက်ပျောက် ခရီးအတူ သွားတာလည်း နည်းလမ်းကောင်း တခု ဖြစ်ပါတယ် ။
LinHtetMaw
Post a Comment