Header Ads

သုတ်ပိုးအလှူခံပီး ကလေးယူမယ် ဆိုတဲ့ကိစ္စကို ဖြေရှင်းလိုက်တဲ့ ပိုပို


နာမည်ကြီး အဆိုတော် တစ်ယောက်ဖြစ်တဲ့ ပိုပိုကတော့ ယောက်ျား သုတ်ပိုးကို အလှူခံပြီး ကလေးယူမယ်လို့ ဖေ့စ်ဘွက်မှာ ပြန့်နေတဲ့ သတင်းကို ရှင်းလိုက်ပါတယ်။ စောင့်ကြည့် သတင်းမီဒီယာနဲ့ အင်တာဗျူး တစ်ခုမှာ အိမ်ထောင် မပြုဖြစ်ရင်လည်း သုတ်လှူခံပြီး ကလေး ယူချင်ပါတယ် ဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ ဒီသတင်းဟာ ပြန့်နှံ့နေတာဖြစ်ပြီး ဖြေရှင်းချက်ကို ပိုပိုက ဒီနေ့ပဲ ဖေ့စ်ဘွက်ကနေ ရေးသားလိုက်တာပဲ ဖြစ်ပါတယ်။



ကျမက တချို့ Journalist တွေနဲ့ ခင်တော့ မောင်နှမတွေလို အမြဲ နောက်ပြောင် ပြောလေ့ရှိပါတယ်။ journalist တွေကလဲ ကျမ နောက်ပြောင်ပြောတာတွေ ရှောင်ပြီး အကောင်းဆုံး ရေးသား Interveiw ထည့်ပေးပါတယ်။



တချို့ journalist တွေ ကတော့ အိမ်ထောင် ဘယ်တော့ ပြုမလဲ မေးရင်း ကျမ နောက်ပြောင်ပြော လိုက်တာကို အတည် ရေးသား ထည့်ပေးပါတယ်။ အဲ့ဒါမြင်ပီး ကျမ တော်တော် ဆွံအ သွားပါတယ် စိတ်အနှောင့်ယှက် တော်တော် ဖြစ်မိပါတယ်။ စိတ်မကောင်း လဲ ဖြစ်မိပါတယ်.. ဆိုပြီး ပိုပိုက ရှင်းလိုက်ပါတယ်။




အဆိုတော် ပိုပိုဟာ နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်ပေမယ့် တစ်ယောက်တည်း နေရတဲ့ ဘဝလေးမှာ ရှင်သန်နေရတယ် လို့ သိရပါတယ်။ ဖေ့စ်ဘွတ်မှာ မကြာခဏ အထီးကျန်တယ် ဆိုတဲ့ ခံစားချက်တွေ ရေးတင်လေ့ရှိသူလည်း ဖြစ်ပါတယ်။




No comments

Powered by Blogger.