Header Ads

ဘဝလက်တွဲဖော်ဆိုတာ...


ဘဝလက်တွဲဖော် ဆိုတာ အပျော်ထားအပ်တဲ့ အရာမဟုတ်လို့ ဖျော်ရည်အတူ သောက်နိုင်ရုံနဲ့လည်း မရွေးချယ်သင့်ဘူး

ဘဝလက်တွဲဖော် ဆိုတာ ယမကာ တစ်ပုလင်း မဟုတ်လို့ ခဏတာ ယစ်မူးချင်ရုံ အတွက်နဲ့လည်း မရွေးချယ်သင့်ဘူး

ဘဝလက်တွဲဖော် ဆိုတာ ခဏတာအတွက် မဟုတ်လို့ တွေ့ကရာလူ ရှာမယ် စိတ်ကူးနဲ့လည်း မရွေးချယ်သင့်ဘူး

ဘဝလက်တွဲဖော် ဆိုတာ အာပလာလူ တစ်ယောက် မဖြစ်သင့်သလို အချစ်သာ အဓိကဆိုတဲ့ စိတ်နဲ့လည်း မရွေးချယ်သင့်ဘူး

ဘဝလက်တွဲဖော် ဆိုတာ ပညာတတ် ဂုဏ်ကြီးကျယ်တဲ့ ဘွဲ့လက်မှတ် ရှိရုံနဲ့လည်း မရွေးချယ်သင့်ဘူး

ဘဝလက်တွဲဖော် ဆိုတာ ဥစ္စာကြွယ်ဝ တိုက်တာ ကားများ ပိုင်ဆိုင်ရုံနဲ့လည်း မရွေးချယ်သင့်ဘူး

ဘဝလက်တွဲဖော် ဆိုတာ ကိုယ့်တစ်ယောက် အတွက်သာ သေဖော်ရှင်ဖက်ဖြစ်သူ မရှိအတူ ရှိအတူ နားလည်မှု ပေးနိုင်သူသာ ရွေးချယ်ပါ။

ဘဝလက်တွဲဖော် ဆိုတာ ကြုံသလို ရွေးချယ်လို့ရဘူးလေ.. ကိုယ့်ဘဝနဲ့ အံဝင်ခွင်ကျတဲ့သူ ဖြစ်ဖို့လိုတယ်၊

ဘဝဘက်တွဲဖော် ဆိုတာ အရမ်း ချမ်းသာဖို့မလိုဘူး.. ကိုယ်နဲ့အတူ ချမ်းသာအောင် ကြိုးစားတဲ့သူ ဖြစ်ဖို့လိုသလို ဆင်းရဲတဲ့အခါလည်း ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတဲ့သူ ဖြစ်ဖို့လိုတယ် ..

ဘဝလက်တွဲဖော် ဆိုတာ ပန်းချီကား တစ်ချပ်လိုပါပဲ.. ကိုယ်တိုင် ဖန်တီးနိုင်ဖို့ထက် ခံစားနားလည် ပေးတတ်ဖို့က ပိုအရေးကြီးပါတယ်...။

ဘဝလက်တွဲဖော် ဆိုတာ မိမိရဲ့ချို့ယွင်းချက် မှန်သမျှကို သိသိကြီးနဲ့ လုံးဝနောက်ဆုတ် တွေဝေသွားခြင်း ဆိုတာမရှိဘူး ... နောက်ဆုံးထွက်သက်ထိ မိမိရဲ့လက်ကို ရဲဝင့်စွာ ကိုင်ဆွဲပြီး ဖြစ်ပေါ်လာသမျှ ပြသနာပေါင်းစုံကို အတူတူ ဖြေရှင်း ပေးမဲ့သူလေ ... ဂရုစိုက်မှု ၊ ယုံကြည်ပေးမှု တွေနဲ့ ပေးဆပ်ပြီး ထာဝရ ချစ်နေမဲ့ သူဟာ မိမိရဲ့~~~~~~ ဘဝလက်တွဲဖော် စစ်စစ်ပါပဲ...

Credit _ original uploader

No comments

Powered by Blogger.