Header Ads

မိန်းကလေးတိုင်း မက်မောလောက်စရာ နန်းဆုရဲ့ အ၀တ်အစားဗီဒိုကြီး


သိပ်လှတဲ့ အဆို​တော် ​မင်းသမီး​လေး နန်းဆု က​တော့ သူမရဲ့ သွယ်​လျတဲ့ ခန္ဓာကိုယ်​​လေးနဲ့ လိုက်​ဖက်​ညီတဲ့ ဖက်​ရှင်​​တွေကိုလည်း ​ရွေးခြယ် ​ဝတ်​ဆင်​တတ်​သူ တစ်​ဦးဖြစ်ပါတယ်။ နန်းဆုက​တော့ ဒီ​နေ့​လေးမှာ သူမကို အမြဲ ဖက်​ရှင်​ကျ ​နေဖို့အတွက်​ အကူအညီ​ပေး​နေတဲ့ အဝတ်​အစား၊ ဖိနပ်​၊ အိတ်​နဲ့ အခြား​သောအသုံးအ​ဆောင် ​ပစ္စည်း​တွေ ထားတဲ့ အခန်းရဲ့ ပုံ​လေး​တွေကို ပရိသတ်​​တွေအတွက်​ ​ဝေမျှ​ ပေးခဲ့တာပဲ ဖြစ်​ပါတယ်​။





နန်းဆုရဲ့ အဝတ်​အစား ဗီဒိုအခန်းကြီးက​တော့ မြင်​ရသူ​တွေကို ပါးစပ် ​အ​ဟောင်းသား ဖြစ်​သွား​စေနိုင်​​လောက်​တဲ့အထိ ကြီးကျယ်​လွန်း ခဲ့တာပါ။ ​ပရိသတ်​​တွေလည်း နန်းဆု​ရဲ့ သပ်​ရပ်​လှတဲ့ အဝတ်​အစား အခန်းကြီးကို ကြည့်​ရှုလိုက် ​ကြပါဦး​နော်​။





ဝိုးးး မိန်းက​လေး တိုင်းရဲ့ စိတ်​ကူးယဉ် အိမ်​မက်​ဆိုတာ ဒါမျိုးကို ​ပြောတာ​နေမှာ သပ်​သပ်​ရပ်​ရပ် ​ရှိလွန်းလှတဲ့ နန်းဆု​လေး နန်းဆုရတီစိုး က​တော့ “ အလုပ်တွေရှုပ် ခရီးတွေ ဆက်နေလို့ Dressing room လေး မရှင်းဖြစ်တာ ကြာပြီး အခုမှ ပြန်ရှင်းဖြစ်တယ်..😬 ကိုယ့်ဟာကိုယ် ရှင်းပြီး သဘောတွေ ကျနေမိတုန်း 😊 ဒီဇိုင်းဆွဲပေးတဲ့ comet interior decoration ကို ကျေးဇူးတင်စကား မတင်ပေးရသေးလို့ အခုမှ ရိုက်ပြီး တင်ရတယ်.. Hee hee..




ဆက်ဆံရေးကောင်း သဘောကောင်းပြီး စေတနာ ပါပါနဲ့ နန်းဆု စိတ်တိုင်းကျကို စိတ်ရှည်စွာ လုပ်ဆောင်ပေးတဲ့အတွက် comet ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့် 😍😘❤” ဆိုပြီး သူမရဲ့အခန်း​လေးကို ​စေတနာထားပြီး ပြင်​ဆင်​​ပေးတဲ့သူကိုလည်း ​ကျေးဇူးတင်​စကား ဆိုထားပါ​သေးတယ်​။




နန်းဆုက​တော့ လတ်​တ​လောမှာ ချစ်​ရသူနဲ့ အတူ Show ပွဲ​တွေမှာ ဆက်​တိုက်​ သီချင်း​တွေ ဆိုဖြစ်​​နေတာပဲ ဖြစ်​ပါတယ်​။ ချစ်​ပရိသတ်​​တွေလည်း အစစ အရာရာ ပြည့်စုံလွန်းတဲ့ မင်းသမီး​ချော​လေး နန်းဆုကို သ​ဘောကျရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။



Myint Myat
Source - Nansu Yati Soe’s Facebook

No comments

Powered by Blogger.