အပျိုကြီးမမနဲ့ တစ်ညအိပ်ခ
အပျိုကြီးတစ်ဦး ဟာ ကိုယ်ပိုင်မော်တော် ကားနဲ့ ခရီးသွားနေရင်းက ပင်ပန်းလွန်းလို့ ဟိုတယ်တခုမှာ ဝင်တည်းတယ်။ သူမ အနေနဲ့ ခဏလေး အိပ်စက်အနား ယူပြီး ခရီး ဆက်သွားရမှာ ဖြစ်တယ် ။
၎ နာရီလောက်အိပ်ပြီးနောက် အောက်ဆင်း လာပြီး ကောင်တာမှာ ဟိုတယ် တည်းခိုခ ရှင်းပါတယ် ။ တည်းခိုခ ရှင်းတော့ ဒေါ်လာ ၅ ထောင် တောင် ကုန်ကျ ပါတယ် ။
ဒီတော့ အပျိုကြီးက ဒါကို မကျေနပ်တဲ့ အတွက် မန်နေဂျာကို ကွန်ပလိန်း တက်ပါတယ် ။ မန်နေဂျာက ရှင်းပြပါတယ်။
" ကျနော်တို့ရဲ့ ဟိုတယ်ဟာ ကြယ်ငါးပွင့် အဆင့် ရှိတဲ့ ဟိုတယ်ပါ.. ရေကူးကန် လည်း ရှိပါတယ် "
" ဒါပေမယ့် ကျမ မသုံးဘူးလေ "
" ကမ္ဘာကျော် အဆိုတော်တွေလည်း လာရောက် ဖျော်ဖြေ ပါတယ် "
" ကျန်မ သွားမကြည့်ခဲ့ ပါဘူး "
" အေးအေး ဆေးဆေးလည်း ကိုယ်လက် သန့်စင် အပန်းဖြေဖို့ အတွက် ချွေးထုတ်ခန်းလဲ ထားပေးပါတယ် "
" အဲ့ဒါလည်း ကျွန်မ မသုံးဘူး"
" ကမ္ဘာ့ အကောင်းဆုံး ဝိုင်နဲ့ အရက်များလည်း ပေးထား ပါတယ် "
" အဲ့ဒါတွေလည်း ကျွန်မ မသောက်ခဲ့ဘူး "
" စိတ်မရှိပါနဲ့ဗျာ လာရောက် အပန်းဖြေ တည်းခိုသူတွေ အတွက် ကျနော်တို့က သုံးဖို့ အသင့်ပြင်ထား တာဖြစ်တာကြောင့် သုံးသည် ဖြစ်စေ မသုံးသည် ဖြစ်စေ အသုံးပြုစရိတ်ပါ ပေါင်းပြီး ဒေါ်လာ ၅ ထောင် ယူပါတယ် "
" ကောင်းပြီလေ
ရော့ ဒီမှာ ဒေါ်လာ ၁ ထောင် "
" ၅ ထောင် ပေးရမှာလေ အမ "
" အင်း ဟုတ်တယ်
ရှင် ကျမနဲ့ အိပ်ခ အတွက် ၄ ထောင် ရစရာ ရှိတယ်လေ
အဲ့ဒါ ဖြတ်ထား လိုက်တယ် "
" ကျနော် ဘယ်တုန်းက အမနဲ့ အိပ်ခဲ့လို့လဲ ဗျာ "
ထိုအခါ အပျိုကြီးက အောက်ပါအတိုင်း ဖြေပြီး လှည့်ထွက်သွား ပါတော့တယ်
" စိတ်တော့ မရှိပါနဲ့ရှင် ရှင်အိပ်သည် ဖြစ်စေ မအိပ်သည် ဖြစ်စေ
ကျမက အခန်းထဲမှာ အသင့် ရှိနေတဲ့ အတွက်
ကျမ ကတော့ ဒါကို ပေါင်းပြီး ကုန်ကျစရိတ် ထည့်တွက် ပါတယ် "
" အဟွင့် လုပ်ရက်ပါ့ အမ ရယ် "
သိုးမည်း
Post a Comment