Header Ads

ချစ်သူသက်တမ်း ဘယ်လောက်ကြာမှာ စုံတွဲတွေ ပြတ်ဆဲမှုများလဲ..


💔💔💔
ချစ်သူသက်တမ်း ၃ လ နဲ့ ၆ လ အတွင်းက RS တွေ ပြတ်ကြ လမ်းခွဲကြတာ အများဆုံး ကာလ တစ်ခုပါ…။ Anni တွေ အထပ်ထပ် ဖြတ်ဖို့ပဲ ရည်ရွယ် ထားထား… ဘိုးဘိုး ဘွားဘွား ဖြစ်တဲ့ အထိ အတူ ရှိမယ် ကတိတွေ ထားခဲ့ဦး… ဘုရားစူး မိုးကြိုးပစ် မခွဲပါဘူးလို့ ကျိန်ပြီးပဲ ပြောခဲ့ ပြောခဲ့။

ပြတ်ချိန် တန်လာတဲ့အခါ… ရည်ရွယ်ထားတာ တွေလည်း သတိ မရတော့ ပါဘူး။ ထားခဲ့တဲ့ ကတိ စကားတွေလည်း မြောင်းထဲ ရောက်ကုန် ပါတယ်။ ကျိန်စာတွေ အစူးခံ အထိခံပြီး တော့ကို လမ်းခွဲဖို့ ရွေးချယ် တတ်ကြပါတယ်။

"စ" ချစ်ဖို့ပဲ သိပြီး "ဆက်" ချစ်ရကောင်းမှန်း မသိတာရယ်။ အထိအတွေ့ သာယာမှုကို အချစ်လို့ ယုံမှတ်ခဲ့မိတာရယ်။ ပရမ်းပတာတွေ 100% ချစ်ပြခဲ့မိလို့ ပစ်ချခံ ခဲ့ရတာရယ် ချစ်သူဖြစ်တာကို တစ်ဘဝလုံး ပိုင်သွားသလို ထင်သွားတာရယ်။ စိတ်ကြီးဝင် သွားကြတဲ့ အကွက်တွေက များပါတယ်။

ချစ်သူတွေ မဖြစ်ခင် အပိုင်းအခြားလေးမှာ ရှိသမျှ ပညာတွေ အကုန်ထုတ်သုံးခဲ့ရလို့ အဖြေလည်း ရပြီးရော ခြေကုန်လက်ပန်း ကျသွားတာများလား။

မမြဲတဲ့ အတွဲ Popping အတွဲ ခေတ်စားတဲ့အတွဲ ပြတ်မယ့်အတွဲ Anni တွေထိ မရောက်မယ့်အတွဲက သိသာပါတယ် Over တွေ သိပ်လုပ်ပြလေ့ရှိကြတာ။ ဖုန်းကို 1 နာရီ 2 နာရီ လောက် မနားတမ်းပြောတယ်…

စိတ်ကြည်တဲ့ အခါရှိသလို စိတ်ဖုနေတဲ့ အခါလည်းရှိတယ်။ အမြဲလိုလို ဖုန်းကို အကြာကြီး ပြောနေဖို့ မဖြစ်နိုင်ပါဘူး။ ပြောနေကျ အချိန်ထက် စောပြီး ဖုန်းချမိတာ ဖြစ်ဖြစ်… ခဏလေးနဲ့ ဒါပဲနော် ပြောလိုက်တာ ဖြစ်ဖြစ် ရှိတတ် ပါတယ်။

ဒါကို နားလည်မပေးပဲ ပြောင်းလဲသွားတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ရစ်နေလို့ ဘာမှ ဖြစ်မလာပါဘူး ပြတ်ဖို့ပဲ ရှိပါလိမ့်မယ်။ တစ်ယောက် အကြောင်း တစ်ယောက် မသိသေးပဲ အတင်းကြီး နားလည်တယ် ဆိုတဲ့အထာနဲ့ ဝင်လုံးမယ်။

အမှားတွေ ရှိခဲ့ပါစေ ခွင့်လွှတ်ပေးတယ် ဆိုတာချည်းပဲ။ အချိန် ကြာလာတော့ Case အသေး အဖွဲ့ လေးတောင် လက်မခံနိုင် တော့ဘူး ထစ်ခနဲရှိ ပြတ်မယ်ပဲ လုပ်ပြီ။ အဖြူရောင် စာရွက်ပေါ်က မှင်စက် သေးသေးပဲ မြင်တတ်ပြီး ကောင်းခဲ့ဖူးတဲ့ အကွက် ဘာတစ်ခုမှ မြင်မပေး တော့ဘူး။

ချစ်သူဖြစ်ပီ ဆိုတဲ့နေ့ကစ နောက် 1 လ 2 လ အတွင်း သိပ်ပျော်ရွှင် ရပါလိမ့်မယ်… ကျန်တဲ့ အချိန်ဇယားတွေမှာ နားလည်မှု တစ်ခုထားရပါမယ်… ပြသနာဖြစ်တိုင်း ညှိနှိုင်း ဖြေရှင်းဖို့ ကြိုးစားသင့် ပါတယ်…။

ခဏပဲ ပြတ်ပြတ် အကြာကြီး တွဲခဲ့ပြီးမှ ပြတ်ပြတ် ဆုံးရှုံးနစ်နာ နာကျင် ရတာခြင်းက အတူတူပါပဲ။ ပြတ်သွားတဲ့ အတွဲတွေကို နမူနာယူပါ။ အားနည်းချက်တွေကို ပြန်ဆန်းစစ် လေ့လာသုံးသပ်ပါ။

သူတို့ ဘာကြောင့် ပြတ်သွားလဲ သိထားပါ။ သူတို့လို မဖြစ်အောင် တစ်ဘဝလုံး နေထိုင်သွားပါ။ ကိုယ့်ရှေ့မှာ 7 နှစ်ထိတွဲပြီးမှ လက်တွဲသွားတဲ့ သူတွေကို အားကျပါ။ အားသာချက်တွေကို မြင်အောင်ကြည့်ပီး လိုက်နာပါ။ သူတို့လို မဖြစ်ဖြစ်အောင် နေထိုင် လက်တွဲ သွားလိုက်ပါလေ။

Credit#s_m

No comments

Powered by Blogger.