Header Ads

YBS 89 ပေါ်မှ ကာလဒါနရှင်မိန်းကလေး...


#ဒီနေ့ YBS - 89 ပေါ်မှာ မိန်းက​လေး တစ်ယောက် ယပ်တောင်သည် အဘတစ်ဦးကို ``အဘ ယပ်တောင်တစ်ချောင်း ဘယ်လောက်လဲ´´တဲ့ ..အဘက..`တစ်ချောင်း ၂၀၀ ကျပ်ပါ´ တဲ့။မိန်းကလေးက တစ်စည်းလုံးဆို ဘယ်လောက်လဲ အဘ ဆိုတော့...တစည်းလုံးယူရင် ၂၀၀၀၀ ကျပ်ပါ တဲ့  ။




မိန်းက​လေး က ဒါဆိုရင် ကျွန်မတစ်စည်းလုံးယူမယ် ၊ အဘနေမကောင်းဘူး ထင်တယ် တဲ့။ ဟုတ်​ပါတယ်​ ယပ်တောင်သည် အဘ ဖျားနေပုံပါ။




#မိန်းက​လေးက ယပ်တောင် တစ်စည်းလုံး ဝယ်ပြီး ကားပေါ်က ခရီးသည်​တွေကို ယပ်တောင် တစ်ချောင်းစီပေးခဲ့ပါတယ်။ မန္တလေး ဆေးကျောင်းမှ စာ​မေးပွဲ ဖြေပြီး ရန်ကုန် အလည် လာတာလို့ သိရပါတယ်​။ သာဓု သာဓု သာဓုပါ.. လေးစားပါတယ်။




source hehtut oo

No comments

Powered by Blogger.