Header Ads

ချစ်တတ်တဲ့ မိန်းမသားတွေဆိုတာ..


မိန်းမသားတွေ ဆိုတာ…

ချစ်ပါတယ်လို့ အဖြေ စပေးလိုက်ကတည်းက တစ်ဘ၀စာတွက် ရည်ရွယ်ထား တတ်ပါတယ်…

အချိန်တွေ ကြာလာရင် အိမ်က လူကြီးတွေကို အသိပေးပြီး တွဲပြချင် ကြပါတယ်…

အိမ်မှုကိစ္စတွေ မတတ်မြောက်ပေမယ့် ချစ်ရတဲ့သူ အတွက်ဆို ကြိုးစားတတ် ကြပါတယ် …

ချစ်သူရဲ့ ဂရုစိုက် ပြမှုကိုလဲ အမြဲ လိုချင်ကြပါတယ်…

စိတ်အရမ်းညစ်ပြီး အားငယ်နေချိန်မှာ ချစ်သူဆီက အားပေးစကားတွေ ကြားချင်ကြပါတယ်…

အသက်ကသာ ကြီးနေပေမယ့် ချစ်သူအပေါ် ကလေး တစ်ယောက်လို ရစ်ပြီး ဂျီကျချင်ပါတယ်…

တစ်ယောက်တည်းကိုပဲ နှစ်နှစ်ကာကာ ချစ်နေချင် ကြပါတယ်…

ဒီလိုပုံစံနဲ့ အကျင့်တွေဟာ ချစ်တတ်တဲ့ မိန်းမသားတွေဆီမှာပဲ ရှိတာပါ.....

----------
Credit to Love Shop
----------

No comments

Powered by Blogger.