Header Ads

အမုန်းတွေနဲ့ ထားခဲ့လည်း အပြုံးမပျက်ဖို့ ကြိုးစားပါ...


ကျိန်စာမဲ့ မျက်ရည်ဖြစ်ပါစေ
_________________________
ထွက်သွားသူကို လှမ်းမျှော်ကြည့် မနေပါနဲ့.. နှလုံးသားတွေ အရမ်း နာကျင်စေပါတယ် ။

မချစ်နိုင်တော့ဘူး ဆိုသူကို တမ်းတမနေပါနဲ့ .. တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်ဆုံးစေပါတယ် ။

မုန်းတီးသွားသူကို စိတ်နာနေခြင်း မရှိစေပါနဲ့ .. စိတ်တွေကို ပူလောင်စေပါတယ် ။

မဖြစ်နိုင်လို့  လမ်းခွဲသွားသူကို နာကျည်းခြင်း မရှိပါနဲ့... နှလုံးသားတွေ ပိုနာကျင် စေပါတယ် ။

အမုန်းတွေနဲ့ ထားခဲ့လို့ လည်း အပြုံးမပျက်ဖို့ ကြိုးစားပါ... နောက်ထပ် ဖြတ်ကျော်စရာ အခက်ခဲတွေ ရှိသေးပါတယ် ။

လောကမှာ အမုန်းနဲ့  အချစ် ၊မဖြစ်နိုင်ခြင်းနဲ့  ဖြစ်နိုင်ခြင်း ဆိုတာ ဒွန်တွဲနေတတ်တာ သဘာဝ ။

ဘယ်အရာမှ ကိုယ်လိုချင်သလို ထပ်တူ မကျခြင်းက လောကကြီးရဲ့ ဓမ္မတာ ။

မဖြစ်နိုင်တာကို အတင်း လုပ်ယူခြင်းနဲ့  စိတ်အပင်ခံဖို့  မစဉ်းစားခြင်းက ကိုယ့်အတွက်ရလာဒ် ။

လမ်းခွဲရရင် မျက်ရည်တွေ ကျခွင့်ရှိတယ်.. ဒါပေမဲ့ ကျိန်စာမဲ့ မျက်ရည်ဖြစ်ပါစေ ။

Credit#MayNoe

No comments

Powered by Blogger.