Header Ads

မိန်းကလေးတွေ အရမ်းချစ်မိသွားတဲ့အခါ 💘


☻▬♥▬☺▬♥▬☻
အရမ်း ချစ်သွားတဲ့ မိန်းကလေး တစ်ယောက်က သူငယ်ချင်းတွေ ဘယ်လောက် နားချချ နားမ၀င်နိုင်တော့ဘူး...

အရမ်း ချစ်သွားတဲ့ မိန်းကလေး တစ်ယောက်က ကိုယ်ချစ်သူကို မကောင်းဘူး ပြောလည်း မသိချင်ယောင် ဆောင်နိုင်သွားတယ်...

အရမ်း ချစ်သွားတဲ့ မိန်းကလေး တစ်ယောက်က ကိုယ်ချစ်သူက ဘယ်လောက် အနိုင်ယူယူ ပြုံးပြုံးလေးနဲ့ 
သည်းခံခွင်လွှတ် နိုင်သွားတယ်...

အရမ်း ချစ်သွားတဲ့ မိန်းကလေး တစ်ယောက်က ကိုယ်လက်တွဲမဲ့သူ မပြည့်စုံတာ သိလည်း အတူတူ ရင်ဆိုင်မယ်လို့  ဆုံးဖြတ်ချက် ချနိုင်သွားတယ်...

အရမ်း ချစ်သွားတဲ့ မိန်းကလေး တစ်ယောက်က ကိုယ်အတွက် ဆိုတာ မေ့ပြီး သူ့အတွက် ဆိုတာကိုပဲ ဖြည်းဆည်း ပေးနေချင်တော့တာ...

ပိုဆိုးတာက အရမ်း ချစ်သွားတဲ့ မိန်းကလေး တစ်ယောက်က သူ့ကို လွမ်းလိုက်တာ ဆိုတဲ့ စကားတခွန်းလေးကြောင့်ပဲ မျက်ရည်တွေ ခဏအတွင်း ကျနိုင်တက်သွားတာ...

အရမ်းချစ်တက်တဲ့ မိန်းကလေး တစ်ယောက်ဆိုတာ ရှိတော့ ရှိတယ် ဒါပေမဲ့ ရှားတယ်…

သင်သာ ပိုင်ဆိုင်ထားပြီးရင်တော့ ဆင်းရဲရဲ ချမ်းသာသာ လက်မလွှတ်ပါနဲ့ တော့… ဘ၀မှာ တခါပဲဖြစ်ခွင့်ရတဲ့ ကံအကောင်းဆုံးသော အခွင့်အရေး ဆိုတာ လူတစ်ယောက် အတွက် တကြိမ်ပဲ ရှိချင် ရှိနေနိုင်တာမျိုး မဟုတ်ပါလား…

Credit Orginal writer.

No comments

Powered by Blogger.