မိန်းကလေးတွေ လိုချင်တဲ့ ချစ်သူဆိုတာ...
❤️ သူမ အပြင်သွားချင်လို့ လိုက်ပို့ ပေးပါ လို့ တောင်းဆိုရတဲ့ အစား… ကိုယ်တို့ အတူ လျောက်လည်ကြရအောင် လို့ ပြောမယ့်သူ...
❤️ သူမကို ပစ်မထားပါနဲ့ ဂရုစိုက်ပေးပါ လို့ တောင်းဆိုရတဲ့အစား… ကိုယ်မင်းကို စိတ်ပူလို့ အမြဲ ဂရုစိုက်ပေးမယ် လို့ ပြောမယ့်သူ...
❤️ သူမကို စိတ်ညစ်အောင် ထပ်မလုပ်ပါနဲ့လို့ တောင်းဆိုရတဲ့အစား… ကိုယ့်ကြောင့် မင်းဘယ်တော့မှ စိတ်မညစ်စေရဘူး လို့ ပြောမယ့်သူ...
❤️ သူမက ရှင့်ကြောင့် အမြဲ မပျော်ခဲ့ရဘူး လို့ ပြောရတဲ့အစား… မင်း အမြဲ ပျော်ရွှင်အောင် ကိုယ်ထားပေးမှာလို့ ပြောမယ့်သူ...
❤️ သူမကွယ်ရာမှာ မဖောက်ပြန် ပါနဲ့နော် လို့ တောင်းဆိုရတဲ့ အစား… ကိုယ် မင်းအပေါ် သစ္စာ ရှိသွားမှာ လို့ ပြောမယ့်သူ...
❤️ သူမက နောက်ကို စိတ်မဆိုးတော့ပါဘူး ဆိုတဲ့ စကားအစား မင်းစိတ်ဆိုးအောင် ကိုယ်နောက်ထပ် မလုပ်ပါဘူး လို့ ပြောမယ့်သူ...
❤️ သူမ နောက်ထပ် စိတ် မကောက်တော့ပါဘူး ဆိုတဲ့ အစား… မင်း စိတ်ကောက်ရင် ကိုယ် ပြန်ချော့မှာပေါ့ လို့ ပြောမယ့်သူ...
❤️ ကိုယ် မင်းကို စိတ်ကုန်တယ် ဆိုတဲ့ စကားအစား… မင်း စိတ်ကုန်မှာ ငါကြောက်တယ်လို့ ပြောမယ့်သူ...
❤️ တောင်းဆိုပါတယ် ဆိုတဲ့ စကားအစား… ကိုယ်မင်းကို ကတိပေးပါတယ် လို့ ပြောမယ့်သူ...
❤ ️ရှင့်ကို သိပ်ချစ်တာပါ လို့ ပြောရမယ့်အစား… ကိုယ့် မင်းကို အရမ်းချစ်တာ လို့ ပြောမယ့်သူ...
{ကဲ ဒီတော့ မိမိရဲ့ စိတ်ကူးနဲ့ ဒီစာလေးနဲ့ တိုက်ဆိုင်တယ်ဆိုရင် ချစ်ရသူ ကောင်လေးကို mention လေး ခေါ်လိုက်ပေါ့နော်။}❤
credit
Post a Comment