Header Ads

လျှို့ဝှက်ထားရမဲ့ အရာ


ရွာကြီး တစ်ရွာမှာ ထူဆန်းတဲ့ အဘိုးအို တစ်ယောက် ရှိတယ် ။
သူ့ မှာ သိပ်လှတဲ့ မြေးမလေး တစ်ယောက်လည်း ရှိတယ် ။

အဘိုးအိုဟာ သိပ်ကျွမ်းကျင် သိပ်တော် သိပ်ထက် လှတဲ့ မျက်လှည့် ပညာကို ပိုင်ဆိုင်ထား ပါတယ် ။
အဲ့ဒီ ပညာရပ် နဲ့ပဲ အသက်မွေးမှု ပြုခဲ့တယ် ။
သူ့ မြေမလေးကိုလည်း အဲ့ဒီ ပညာတွေ သင်ပေးတယ် ။

တစ်နေ့ တော့ လူစည်ကားတဲ့ နေရာမှာ မျက်လှည့် ပြတာပေါ့။
ပန်းပွင့်ကနေ ငွေစက္ကူ ဖြစ်တာတွေ ၊ ကြိုးကနေ မြွေဖြစ်သွားတာတွေ စတဲ့ ပြကွက် မျိုးစုံကို ပြနေတာပေါ့ ။
အားလုံး ပြပြီးပြီ ဆိုရင် ပရိသတ်ပေးတဲ့ ငွေကိုပဲ ယူတယ် ။

အခု ပြတဲ့ ပြပွဲမှာ အဘိုးအိုက ထူးဆန်းတဲ့ စကား တစ်ခွန်းကို ပြောတယ် ။
မျက်လှည့် ပညာ ဆိုတာ မှော်ပညာ မဟုတ်သလို တန်ခိုး စွမ်းအားတွေ မရှိပါဘူး ။
လိမ်တာလည်း မဟုတ်ပါဘူး ။
မျက်လှည့် ပညာမှာ လှို့ဝှက်ချက်တွေ ရှိတယ် ။
အဲ့ဒီ လှို့ဝှက်ချက် တွေကို မသိလို့ သာ ခင်ဗျားတို့ လာကြည့် ကြတာ ဖြစ်တယ်။
ဒီနေ့ မျက်လှည့်ပညာရဲ့ လျှို့ဝှက်ချက် တွေကို ပြောပြ ပါမယ် ။

ပရိသတ်ဟာ အင်မတန်မှ စိတ်ဝင်စား သွားတယ် ။
ကြိုးကနေ ဘယ်လို မြွေဖြစ်သွားတယ် ။
ပန်းကနေ ဘယ်လို ငွေစက္ကူတွေ ဖြစ်သွားတယ် စသည်ဖြင့်ပေါ့ ။
ခဏကြာတော့ အဘိုးအိုဟာ လှို့ဝှက်ချက် တွေကို အကုန် ရှင်းပြသွား ခဲ့တယ် ။
ပရိသတ်လည်း ပြောတုန်း ခဏတော့ စိတ်ဝင်စား တာပေါ့ ။
သိလည်း သွားရော သြော် ဒီလို လုပ်တာလား ဒါလေးများ ဟု မျက်လှည့်ပညာကို စိတ်မဝင်စားတော့ ဘူးပေါ့။

နောက်တစ်နေ့ မြေးလေးကို ခေါ်ပြီး မျက်လှည့် သွားပြတာပေါ့ ပရိသတ် တစ်ယောက်မှ မလာတော့ဘူး ။

အဘိုးအိုက
" မြေးလေးရေ ပရိသတ် တစ်ယောက်မှ မလာပါလား ? ဘာကြောင့်လဲ ? "

" အဘိုးက မနေ့ ကပွဲမှာ လှူိ့ဝှက်ချက်တွေ အကုန် ပြောပြ လိုက်တာကို
ဘယ်သူက စိတ်ဝင်စားတော့ မှာလဲ "

" အေး ဟုတ်တယ် မြေးလေး ...
အဘိုး တစ်သက်လုံး ကျွေးမွေး ခဲ့တဲ့ ပညာ
အခုတော့ လှိုဝှက်ချက်လည်း ပြလိုက်ရော ဘယ်သူကမှ စိတ်မဝင်စား တော့ဘူး
တန်ဖိုးလည်း မရှိတော့ဘူး
မြေးလေလည်း မှတ်ထားပါ လှူိ့ဝှက်ချက် ဖြစ်တဲ့
မြေးလေးရဲ့ ခန္ဓာကိုယ် အလှ ကိုလည်း ဘယ်သူကိုမှ မပြရဘူးကွဲ့
လှူိ့ဝှက် ထားရမယ်
ဒါဆို မြေးလေးရဲ့ မိန်းကလေး အလှဟာ တန်ဖိုးကြီးတယ် ကွဲ့
ဒူးဖော် ပေါင်ဖော် ရင်သားတွေ ပေါ်နေရင် ဘယ်သူမှ စိတ်မဝင်စား တော့ဘဲ တန်ဖိုးမရှိ ဖြစ်သွားလိမ့်မယ်
ပြတုန်း ခဏပဲ သူတို့ က တန်ဖိုး ထားကြတာ ဒါကြောင့် အဝတ်စားကို လုံလုံ ခြုံခြုံ ဝတ်ပါ "

အဘိုးအိုဟာ သူ့ ပညာနဲ့ ရင်းပြီးတော့ မြေးလေးကို ဆုံးမခဲ့တယ်။
ညီမငယ်တို့ တစ်တွေလဲ သိရှိ နားလည်နိုင်ပါစေ
အဘိုးအိုရဲ့ ဆုံးမ စကားကို နားလည်နိုင်ပါစေ

Credit : Original Writer

No comments

Powered by Blogger.