Header Ads

ကမ္ဘာကျော် ဇာတ်ကားများမှ သောက်တလွဲ အမှားများ


ရုပ်ရှင်ချစ် ပရိသတ်တွေ အနေနဲ့ ရုပ်ရှင်အချို့ထဲက အလွဲတွေကို သတိထားမိတာ ဖြစ်ပေမယ့် တချို့က ရုတ်တရက်မို့ သိမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့ အလွဲအမှားတွေက ဆန့်ကျင်ဘက် ဖြစ်အောင် လွဲမှားထားတာဖြစ်ပါတယ်။ ဒီ အလွဲတွေကို ပရိသတ် အားလုံးသိအောင် စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။

1. Twilight


Twilight ရုပ်ရှင်ကို သေချာကြည့်မိရင် မင်းသမီးက ကားစက်နှိုးတဲ့ အခန်းမှာ ကားမှန်မှာ ကင်မရာပေါ်နေတာ ဖြစ်ပါတယ်။ ဒါဟာ ဒါရိုက်တာရဲ့ အရည်အချင်းကို ကျစေတဲ့အတွက် ဝေဖန် ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။

2. The Avengers


The Avengers မှာတော့ Thor က သူ့အနီးတဝိုက်က အရာရာကို ဖျက်ဆီးချိန် အတွင်းမှာ ပျက်စီးနေတဲ့ ကားကြီးက ပထမပိုင်း သူ့လက်ကိုင်ထားတဲ့ နေရာက ပိန်ပီး နောက်ခဏ အကြာမှာ ပြန်ပြီး ကားဘော်ဒီဖောင်းနေပါတယ်။

3. Avatar


Avatar ရုပ်ရှင်ကားမှာ Jake က သူ့ရဲ့ ပေါင်းမိုးထဲက အဖုံးကို လှန်တဲ့ အချိန် ဘေးမှာ ဝှီးချဲ မရှိနေပါဘူး။ ငုတ်တုပ် ထိုင်လိုက်တဲ့ အချိန်မှာတော့ ဝှီးချဲက အလိုလို ရောက်နေတာ ဖြစ်ပါတယ်။

4. Terminator 2: Judgement Day


Terminator 2 ထဲမှာတော့ John ရဲ့ ခန္ဒာကိုယ်ဟာ သေနတ်မှန်ပြီးတဲ့ အခန်းမှာ နောက်ကျောဘက်က ဂျာကင်တွေ ပေါက်နေတာဖြစ်ပါတယ်။ နောက်ခဏအကြာ ရဲနဲ့ တိုက်ခိုက်တော့ ဂျာကင်က အကောင်းအတိုင်း ပြန်ရှိနေပါတယ်။

5. Titanic


Titanic ဟာ နှစ်စီး ရှိတာလား မေးစရာဖြစ်အောင် နေ့မှာမြင်ရတဲ့ သင်္ဘောနဲ့ ညမှာမြင်ရတဲ့ သင်္ဘောပုံစံက ကွဲပြားနေတာပဲ ဖြစ်ပါတယ်။

6. Inglourious Basterds


Inglourious Basterds ရုပ်ရှင်ကားမှာတော့ ဂျာမန်ဗိုလ်ဟာ တခန်းထဲမှာပဲ အခန်းဆက်နေရာမှာ ရင်ဘတ်က တံဆိပ် ပါလိုက် မပါလိုက် ဖြစ်ခဲ့တဲ့ အခန်းဖြစ်ပါတယ်။

7. Dallas Buyers Club


Dallas Buyers Club ဆိုတဲ့ ရုပ်ရှင်ကားက 1985 ခုနှစ် ပုံစံကို အခြေခံ ရိုက်ကူးတာ ဖြစ်ပေမယ့် အဲထဲမှာ ပါတဲ့ ပိုစကာက ကားပုံဟာ 2011 ထုတ် Lamborghini ဖြစ်ပါတယ်။

8. Pirates of the Caribbean: The Curse of the Black Pearl


Pirates of the Caribbean: The Curse of the Black Pearl ကားထဲမှာ ဂျက်စပဲရိုးရဲ့ အဖွဲ့သားတစ်ယောက်ဟာ ဒီနေ့ခေတ် ဖက်ရှင်ကိုသာ ၀တ်ဆင်ထားတာ တွေ့ရပါတယ်။

9. Marie Antoinette

Marie Antoinette ရုပ်ရှင်ကားဟာ 18 ရာစုကို အခြေခံ ရိုက်ကူးခဲ့တာ ဖြစ်ပေမယ့် All Star တစ်ရံက ပါဖြစ်အောင် ပါလာပါသေးတယ်။

credit to original

No comments

Powered by Blogger.