ကေအသစ်ပြောင်းလိုက်တဲ့ ဆယ်လီနာဂိုးမက်စ်
ပရိသတ် အချစ်တော် အဆိုတော် Selena Gomez ကတော့ သူမရဲ့ ဂီတသက်တမ်း တစ်လျှောက်မှာ ဆံပင်စတိုင်တွေ အမျိုးမျိုး ပြောင်းလဲ လာခဲ့သူပါ။ ပြောင်းလိုက်တဲ့ Hairstyle တိုင်းနဲ့လည်း လိုက်ဖက်မှု ရှိတာကို တွေ့ရပါတယ်။ ဒီတစ်ခါမှာလည်း နောက် ထပ် hairstyle သစ်ကို ချပြလိုက်ပါတယ်။
“ Wolves ” အဆိုတော်မလေး Selena Gomez ကတော့ ဆံပင်ကို လုံးဝညှပ်လိုက်တာမျိုး မဟုတ်ပဲ Shave (ရိတ်လိုက်) တာပါ။ ပုံမှာတော့ မြင်းမြှီးစတိုင် Ponytail ပုံစံ တင်းတင်းကျပ်ကျပ် ဆံပင်ကို စည်းထား ပြီး ဦးခေါင်း နောက်ဘက်ခြမ်းပုံပါ။ ဒီတစ်ခေါက် စတိုင်သစ် ကိုတော့ သူမရဲ့ Instagram က တစ်ဆင့် ချပြလိုက်တာပါ။ Hairstylist တွေဖြစ်တဲ့ Marissa Marino နဲ့ Tim Duenas တို့က ဖန်တီးလိုက်တဲ့ စတိုင်သစ် ဖြစ်ပုံ ရပါတယ်။
” အမြဲတမ်း သိမ်မွေ့တဲ့ပြောင်းလဲမှုတစ်ခု လိုအပ်တယ်.. ” ဆိုပြီး သူမရဲ့ Post ရဲ့ Caption မှာ ရေး ထား ပါတယ်။ Miley Cyrus, Kylie Jenner, Rihanna ၊ Natalie Dormer တို့ လည်း ဆံပင်ကို Shave လုပ် ခဲ့ဖူးပါတယ်။
Source : billboard
Post a Comment