Header Ads

သင်္ကြန်မှာ အထင်လွဲမှားခံခဲ့ရတဲ့ ပိုင်တံခွန်


ပရိသတ်တွေရဲ့ အသည်းကျော် သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်ကတော့ နှစ်ကူးမှာ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်နေတာတွေ့ရပါတယ်။ ရုပ်ချော သဘောကောင်းတဲ့ အပြင် သီချင်း ဆိုရာမှာလည်း ပရိသတ်အသည်း ကြွေလောက်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။



ဒီကနေ့ သင်္ကြန် အတက်နေ့မှာ ပရိသတ်အချို့ရဲ့ အထင်လွဲများမှု တစ်ခုကြောင့် ရီစရာတစ်ခု ဖြစ်ခဲ့ပုံကို ပြောပြခဲ့ပါတယ်။ ပိုင်တံခွန်ရဲ့ ဖေ့စ်ဘွက် စာမျက်နှာပေါ်မှာ " လူများလို့ လုံခြုံရေးညိုတွေ အပြင်ပို့ပေးတဲ့ မြင်ကွင်းကို အန်တီကြီးတယောက်က လက်သီး လက်မောင်းတန်းပြီး ဟာ ဟိုမှာဟိုမှာ ဖမ်းသွားပြီ ဘာအမှုလည်း မသိဘူးတဲ့ ကျနော့်မှာ ရီလိုက်ရတာဗျာ... အေးလေ ရုပ်ခံက ဒီလောက်ဘဲရှိတာကို " ဟူ၍ ရေးသားပြောပြထားတာပဲဖြစ်ပါတယ်။



ဒီနေ့ အဖြစ်အပျက်လေးကြောင့် စိတ်ထဲ ပျော်ရွှင်စရာ ဟာသလေးတစ်ခု ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ချစ်ပရိသတ်ကြီးအတွက် ဒီကနေ့ ပိုင်တံခွန်ရဲ့ အထင်လွဲခံ ဓာတ်ပုံလေးတွေနဲ့အတူ မျှဝေပေး လိုက်ပါတယ်။




Source - Paing Takhon

No comments

Powered by Blogger.