2018 ခုနှစ်အတွက် အလှပဆုံး ကိုရီးယားမင်းသမီး (၁၀) ဦး
ကိုရီးယား မင်းသမီးလေးတွေက သူတို့ရဲ့ လှပတဲ့ အသားအရေနဲ့ သူမတူတဲ့ ဖက်ရှင်တွေကြောင့် ကမ္ဘာတစ်ဝန်းမှာ အောင်မြင်မှု ရရှိထားသူတွေပါ။ ဒီတစ်ခါမှာတော့ ၂၀၁၈ ခုနှစ်အတွက် top 10 စာရင်းဝင် အလှဆုံး ကိုရီးယား မင်းသမီး ဆယ်ဦးကို ဖော်ပြပေးလိုက်ပါတယ်။
(1) Han GA-IN
နှာခေါင်းမှာ မှည့်လေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေး Han GA-IN က နံပါတ် ၁ နေရာမှာ ရှိနေပါတယ်။ ကိုရီးယား ဒရာမာဇာတ်ကား တော်တော်များများမှာ ကြည့်ခဲ့ဖူးမှာပါနော်။ သရုပ်ဆောင် ပိုင်းမှာလည်း အပီပြင်ဆုံး သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်ရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားသူ လေးပါပဲ။
(2) Yoon Eun Hye
သူမကတော့ အသက် ၁၅ နှစ်ကတည်းက အနုပညာလောကကို ဝင်ရောက်လာသူလေး ပါပဲ။ ဆယ်ကျော်သက် အရွယ်မှာကတည်းက ပုရိသ အသည်းစွဲဖြစ်ခဲ့တဲ့ သူမက အခုခါမှာဆိုရင် ထိပ်တန်း ကိုရီးယားမင်းသမီး စာရင်းဝင်နေပါပြီ။ သူမရဲ့ ညှို့အားပြင်းတဲ့ အလှကြောင့် နံပါတ် ၂ နေရာကို ရရှိထားသူပါ။
(3) Park Shin Hye
ကမ္ဘာကျော် ကိုရီးယား ဒရာမာ ဇာတ်ကား တော်တော်များများက ပါဝင် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော လေး Park Shin Hye ကတော့ နံပါတ် ၃ နေရာမှာ ရှိနေပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန် အမူအရာများနဲ့ ပရိသတ်ရဲ့ အချစ်ကို ဖမ်းစားထားနိုင်သူလေးပါပဲ။
(4) Lee Da Hae
ချိုဝမ် လို့ လူသိများတဲ့ Lee Da Hae ကတော့ top 10 list ရဲ့ နံပါတ် ၄ နေရာ ချိတ်ပါတယ်။ သူမရဲ့ ရိုးရှင်းတဲ့ မျက်နှာအကျ၊ လှပတဲ့ အသားအရေကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးပါပဲ။ သူမရဲ့ သရုပ်ဆောင်ပီပြင်ချက် တွေကြောင့်လည်း အကယ်ဒမီ ဆုများစွာကို ရရှိထား သူလေးပါ။
(5) Kim Tae-hee
Kim Tae-hee က ပြီးခဲ့တဲ့ နှစ်တွေကတည်းက တောင်ကိုရီးယားရဲ့ အလှဆုံး မင်းသမီးအဖြစ် သတ်မှတ် ခံခဲ့ရဖူးပါတယ်။ သူမက ၂၀၀၁ ခုနှစ်လောက်က မော်ဒယ်လ်လောကကို စတင် ဝင်ရောက်ခဲ့ပြီးမှ ဇာတ်ကားတစ်ခုမှာ သရုပ်ဆောင်ဖို့ အခွင့်အရေး ရရှိခဲ့ပြီး သရုပ်ဆောင် လောကကို ရောက်ရှိလာခဲ့သူလေးပါ။
(6) Han Ye Seul
Han Ye Seul ကတော့ အမေရိကန်ဖွား ကိုရီးယား မင်းသမီးတစ်လက်ပါ။ သူမပါဝင် သရုပ်ဆောင် ခဲ့တဲ့ ကိုရီးယား ဇာတ်ကားတွေ တော်တော်များများကလည်း ကမ္ဘာတစ်ဝန်းမှာ အောင်မြင်မှု ရရှိထား ပါတယ်။
(7) Ha Ji Won
သူမရဲ့ အေးချမ်းတဲ့ အပြုံနဲ့ ရိုးရှင်းတဲ့ အလှကြောင့် အလှဆုံး ကိုရီုးယား မင်းသမီး စာရင်းရဲ့ နံပါတ် ၇ နေရာမှာ ရှိနေပါတယ်။ အနုပညာ လောကထဲကို ဝင်ရောက်လာတာ နှစ်တွေ ရှည်ကြာနေပြီဖြစ်ပေမယ့် ယခုထိတိုင် ကိုရီးယား ပရိသတ်တွေကြား ရေပန်းစားလျက် ရှိနေဆဲပါ။
(8) Bae Suzy
Suzy ကိုတော့ မသိတဲ့သူ မရှိပါဘူးနော်။ သူမရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန် အမူအရာကြောင့် ကမ္ဘာတစ်ဝန်း အောင်မြင်မှု ရရှိထားသူပါ။ သူမကတော့ နံပါတ် ၈ နေရာမှာ ရှိနေပါတယ်။
(9) Jun Ji Hyun
သေးသွယ်လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး လှပကျော့ရှင်းတဲ့ သူမရဲ့ ပုံရိပ်ကြောင့် ဆွဲဆောင်မှု ရှိတဲ့ တောင်ကိုရီးယား အနုပညာရှင် တစ်ဦးလို့ လူသိများပါတယ်။ သူမပါဝင် သရုပ်ဆောင်ခဲ့တဲ့ ကိုရီးယား ဒရာမာ ဇာတ်ကားတွေကလည်း အောင်မြင်မှုကို အပြည့်အဝ ရရှိထားပါတယ်။
(10) Song Hye-Kyo
မျက်နှာကို လုံးဝ ခွဲစိတ်ပြုပြင်ထားခြင်း မရှိတဲ့ တောင်ကိုရီးယား မင်းသမီးတွေထဲမှာ Song Hye-Kyo လည်း ပါဝင်နေပါတယ်။ ပင်ကိုယ် အလှနဲ့ လှပသူ စားရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေပေမယ့် 2018 ခုနှစ်အတွက် အလှဆုံး Top 10 list မှာတော့ နံပါတ် ၁၀ နေရာမှာ ရှိနေပါတယ်။
နန်း(ရွှေအင်းလေး)
Post a Comment