Header Ads

ရွှေကြာ Review


အားယား အလုပ်မရှိနေတာနဲ့ ပြည်သူ့မေတ္တာခံယူပြီး အဆဲခံလိုက်ပါအုန်းမယ်...

မနေ့က အိမ်က လူတွေ ခေါ်တာနဲ့ ရွှေကြာကို ကြည့်ဖြစ်ပါတယ် Review ဆိုတာထက် ကိုယ်ကြည့်ခဲ့တာကို ပြန်ပြောတာဆို ပိုမှန်ပါမယ်

၁) ပထမဆုံးမကြိုက်တာကတော့ စကားပြောတာတွေ အမူအယာတွေက အရင်တုန်းက မြန်မာကားတွေထဲကလို အပြင် Reality နဲ့ မနီးစပ်သေးတာပဲ ကျန်တဲ့ အရုပ် တွေ အသံတွေ ကိုတော့ ကိုယ့်ထက် ကျွမ်းကျင်သူတွေ သုံးသပ်ကြပါလိမ့်မယ်

၂) Club ထဲက ရွှေကြာတွေက တနေ့ တနေ့ သူတို့အတွက် အရင်းချည်းပဲ ၂ သောင်း လောက် ရှိတယ်လို့ ပြောပါတယ် ( တစ်ရက်ကို အရင်း ၂၀၀၀၀ ဆိုတာ တလ ပျှမ်းမျှ ၆ သိန်းပါ ။ ဒါက အရင်းချည်း သက်သက်ပါ ။ ငွေ အရင်း ၆ သိန်းတောင် ထုတ်နိုင်တဲ့သူက အနည်းဆုံး တိုက်ခန်း (သို့) အသင့်အတင့် အိမ် တော့ ငှားပြီးနေနိုင်မှာပါ ခုတော့ မင်းသမီးက ကိစ္စပြီးတာနဲ့ ဒလ တဖက်ကမ်း မှာ လှေလေး စီးပြီး ကျူးကျော်တဲထဲသွားနေရတယ် လို့ ဇွတ်တွေ ဇာတ်နာပြထားတယ် ဒါမှ မဟုတ် လည်း ငွေကို အတော်ခြိုးခြံချွေတာသုံးတတ်တဲ့ ကြက်မ လေးပဲ ဆိုပြီး ကြံဖန်ချီးကျူးရမယ်

၃) မင်းသားက Documentary director မင်းသမီးကို သူ့ဖုန်းနံပါတ် ပေးဖို့ လေတိုက်လို့ လွှင့်လာတဲ့ သစ်ရွက်မှာ သူ့ နံပါတ် ရေးပေးလိုက်ရတယ် တဲ့ Nam Card တခုတောင် မရိုက်နိုင်တဲ့ ဒေါ်ကွန့်မန်ထွီဒါရိုက်တာကြီးကို စွန်းသနားမိ ( အိမ်နားက ကွမ်းယာသည် ဆာမိ ဆို လိပ်စာကဒ်ချည်းပဲ ၃ မျိုးရှိတယ် Ro တယ်ပြောရအောင်လည်း သူနဲ့မင်းသမီးနဲ့ ဇာတ်အရ သမီးရည်းစားလည်းမဟုတ် ) 

၎) မင်းသမီးက ၇ တန်းထိ ကျောင်းနေဖူးတယ် မြန်မာစာတောင် သေချာ မဖတ်တတ်ဖူး (စာသာ မဖတ်တတ်တယ် Club ထဲမှာ ဖော်ရိန်နာ နဲ့ ဘလိုတွေ ကြေးညှိပြီး ဟိုတယ်ထိ တယောက်ထဲ လိုက်သွားလဲ မပြောတတ် နောက်ပြီး စာမတတ်ဖူးလည်းပြောသေး သတိုး ဆိုတဲ့နာမည်ကို ဖုန်းထဲမှာ မှတ်သွားလိုက်တာကျ မြန်လိုက်တာ ) 

၅) သင်ဇာဝင့်ကျော်က ဖုန်းပြောတဲ့ အခန်းတွေချည်း သရုပ်ဆောင်နေသလိုပဲ သူပါတဲ့အခန်းတိုင်း အမြဲ ဖုန်းပွားတယ် ကြိုးဖုန်းနဲ့ပြောရင်ပြော မပြောရင် iPhone နဲ့ပြော နှစ်ခုလုံး မလုပ်ရရင် စာ ပို့ :3

 ၆) မင်းသမီး နဲ့ မင်းသား အိုကြီးအိုမနဲ့ ကလေးတွေနဲ့ ၀င်ရောပြီး မိုးရွာထဲ ပြေးဆော့တဲ့အခန်း ( ဘာကစားနည်းလည်းတော့ မသိ အိုင်လည်း မဆော့ဖူးဘူး ခုထိ ကလေးတွေ ဆော့တာလဲ တခါမှ မမြင်ဖူးသေးဖူး...... မိုးရွာထဲကလေးတွေနဲ့ ဘောလုံးကန်တယ်ဆိုရင်တောင် ကြည့်ကောင်းအုမ်းမယ် ) ပြီးတော့ ...မိုးရွာထဲ အကြာကြီး ဆော့ပြီး ကော်ဖီတခွက်သောက်လိုက်တော့ ဟပ်ချလောင်း ဆိုပြီး....... ချက်ချင်း အင်္ကျတွေကော ဘဈင်တွေကောပါ ခြောက်ကုန်ကြတယ် ခွိ )


ဖာတွေ အကြောင်း Doum; ရိုက်တယ် တယောက်က ဖြေတယ် ဘွဲ့ရဖြစ်ပြီး လစာ တသိန်းခွဲလောက် ပဲ ရတာနဲ့ မလောက်ငှလို့ ဒီဘ၀ ကိုရောက်ရတာပါတဲ့ What The Hell ? (လစာ နှစ်သိန်း မပြည့်တဲ့သူတိုင်း ဖာထွက် ခံစားရတော့မလိုပဲ) အဆိုးဆုံး အချက်က ဇာတ်ကားထဲက မင်းသားရိုက်တဲ့ Documentary Press show မှာ ရွှေကြာ စာတမ်းထိုးတော့ ရုံထဲက လူတွေက တကယ်ပြီးပြီ မှတ်လို့ ထပြန်ကြတယ် .... ( အချိတ်အဆတ် မိချက်ကတော့.... ဇာတ်ကားပြီးတာလား မပြီးတာလား ကို မသဲကွဲတာ) ဇာတ်သိမ်းချင်တော့လဲ ဖြစ်ကလတ်ဆန်း အလောသုံးဆယ် ဘသူနဲ့ဘသူက မင်္ဂလာဆောင်ပြီး ဘသူက တော့ ဘာဖြစ်သွားပါတယ် ဆိုပြီး ပုံပြင်ပြောပြသလို စာတန်းတွေ ထိုးပြီး အလောသုံးဆယ်နဲ့ သိမ်းသွားတယ် (တကားလုံး တဖာဖာ နဲ့ ဇာတ်နာပြီး မင်းသမီးက ဖာမလုပ်စားတော့တဲ့ အခန်းလေး တကွက်လေးတောင် ဖြည်ပြီး ပြန် ထည့်မပြသွားဖူး )

အမှန်အတိုင်းပြောရင် သိပ်မကြိုက်ဖူး သူများတွေ တရူပ်ရူပ်ငိုလို့ တစ်ရှူးဘယ်နှစ်ထုတ် ကုန်ပြီ Ba Bla ဖြစ်နေချိန် ကိုယ်က တစ်ခစ်ခစ်ရယ်ပြီး စခွီထနေတုန်း ဇာတ်ကားသာပြီးသွားတယ် ငိုရတယ်... ရင်ထဲစို့တယ် ....... ဆိုတာမျိုး တခုမှ ဖြစ်မလာဖူး ၀တ္ထုဖတ်ပြီး ဇာတ်ကားကို အတော် မျှော်လင့်ထားတာ အခုတော့ ပေါကား မဟုတ်တောင်မှ ကားကောင်း တစ်ခုလို့ မခံစားရဖူး ( ကိုယ့် Taste နဲ့ မငြိတာလဲ ပါမှာပေါ့ )

Credit to Aung Chan Phyo

No comments

Powered by Blogger.