အကယ်ဒမီပေးပွဲမှာ ဂယက်ထအောင်လုပ်မယ့် ရွှေမှုံရတီ
2017 ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲကြီးကိုတော့ မတ်လ (၂၃) ရက်နေ့မှာ ကျင်းပပြုလုပ် တော့မှာဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာ ဘယ်သူက ဘယ်လိုဖက်ရှင်တွေနဲ့ တက်ရောက်မလဲ ဆိုတာကို ပရိသတ်တွေကလည်း အရမ်းကို စိတ်ဝင်စား နေကြပါတယ်။ ဒီနှစ်ဆုပေးပွဲမှာတော့ ရွှေမှုံရတီက သူမရဲ့ ဖက်ရှင်အလန်းနဲ့ ပရိသတ်တွေကို ဂယက်ထအောင် လုပ်သွားဖို့ ရှိတယ်လို့ Myanmar Celebrity ရဲ့ အင်တာဗျူးတစ်ခုမှာ ဖော်ပြထားပါတယ်။
“ ဗီဒီယိုလေး တစ်ခု တင်ဖို့ရှိပါတယ်လို့ သဲ Message ပေးပါရစေ.. မနက်ဖန် အကယ်ဒမီပေးပွဲ သွားခါနီးကျလို့ရှိရင် သဲ တကူးတကနဲ့ သေသေချာချာလေး ရိုက်ထားတဲ့ ဗီဒီိယိုလေး တစ်ခုရှိပါတယ်.. အဲ့ဒါလေးကို ရှယ်ဖြစ်သွားအောင် ပရိသတ် . အမြင်ကတ်လောက်မယ်လည်း ထင်ပါတယ်.. အဲ့ဒါမျိုးလေး တင်ဖို့ ရှိပါတယ်.. ဂယက်ထသွားအောင်ပေါ့.. မဟုတ်ဘူး အကယ်ဒမီနဲ့ ဆက်စပ်ပြီးတော့မှ ညီမ တင်မှာပါ. အဓိကကတော့ အကယ်ဒမီ အတွက်ကိုပဲ ရိုက်ထားတာပါ. ရှယ်ပေါ့.. ပွဲစခါနီး ၁၂ နာရီနောက်ပိုင်းဆိုရင် ညီမတင်မှာပါ.. အုံးဆို ဖြစ်သွားအောင်..”
“ idea က ညီမ ဒီနှစ်လေးကို ထူးထူးခြားခြား ဖြစ်သွားအောင် အမြဲ စဉ်းစားနေကျဆိုတော့ ဒီနှစ်လည်း.. တမူထူးခြားအောင် ဆိုပြီးတော့.. ညီမ စဉ်းစားထားတာပါ ဒီဇိုင်နာကတော့ ကိုကောင်းမြတ်ပါ.. လက်ဝတ်ရတနာကိုတော့ အောင်သမာဓိကနေ .ဒီနှစ်ကနေ မှာပြီးတော့ ညီမ၀တ်တယ်ပေါ့နော်..”
“အကယ်ဒမီနဲ့ ပတ်သက်ပြီး စီစဉ်ထား တာတွေကတော့ အားလုံး ပြီးသွားပါပြီ.. လွန်ခဲ့တဲ့ နှစ်ရက်လောက်တည်းက အားလုံး အပြီးသတ်ပြီးတော့.. ဒီနှစ်က လက်ဝတ်ရတနာ ဆိုရင်လည်း ဒီဇိုင်းကို စဉ်းစားပြီးတော့ .အောင်သမာဓိကို ညီမ အပ်လိုက်တယ်ပေါ့နော်.. ထူးထူးခြားခြားလေးတွေ ဒီနှစ်မှာ ၀တ်သွားဖို့လည်း ရှိပါတယ်.. ဒီဇိုင်းကတော့ ရိုးရိုးလေးပဲ လုပ်ထားပါတယ်. ညီမ ဒီနှစ်ကတော့ ချိတ်ကလေးပဲ ၀တ်မှာပါ..”
Source Myanmar Celebrity









Post a Comment