Header Ads

ယောက်ျားတစ်ယောက်ကို "ခယ" အောက်ကျို့ ချစ်နေရမယ့် ခပ်လွယ်လွယ် မိန်းခလေးမဖြစ်စေနဲ့


ယောက်ျားတစ်ယောက်ကို " ခယ " အောက်ကျို့ ချစ်နေရမယ့် ခပ်လွယ်လွယ် မိန်းခလေး မဖြစ်စေနဲ့...

ယောက်ျားတစ်ယောက်က အသည်းအသန် လိုအပ်လို့ လိုက်ဆွဲနေရတဲ့ တန်ဖိုးမြင့် မိန်းခလေးပဲ ဖြစ်ပါစေလေ။
_________

ယောက်ျားတစ်ယောက် အတွက်နဲ့ ဘဝတစ်ခုလုံး ပြိုလဲ ပျက်စီးသွားရမယ့် တုံးအတဲ့ မိန်းခလေး မဖြစ်စေနဲ့...

ယောက်ျား တစ်ယောက်ကြောင့် အလှဆုံးမဲ့ ပြုံးတစ်ချက်နဲ့ ပြန်လာနိုင်တဲ့ ခပ်ချေချေ မိန်းခလေးပဲ ဖြစ်ပါစေလေ။
_________

ယောက်ျားတစ်ယောက်ရဲ့ အရုပ်တစ်ရုပ်လို ကစားတာ ခံနေရမယ့် ပျော့ညံ့ညံ့ မိန်းခလေး မဖြစ်စေနဲ့...

ယောက်ျားတစ်ယောက်ကို သေဆိုသေ ရှင်ဆိုရှင် Control ပေးနိုင်တဲ့ ရက်စက်တတ်တဲ့ မိန်းခလေးပဲ ဖြစ်ပါစေလေ။
_________

ယောက်ျားတစ်ယောက်အနား မျက်နှာ ဇီးရွက်လောက်နဲ့ မာနတွေ ချိုးပြီးနေရမယ့် အဆိပ်မရှိတဲ့ မိန်းခလေး မဖြစ်စေနဲ့...

ယောက်ျားတစ်ယောက်ရှေ့ ခေါင်းမော့ရင်ကော့ ဘဝကို ရပ်တည်ပြရဲတဲ့ အကြောတင်းတင်း မိန်းခလေးပဲ ဖြစ်ပါစေလေ။   ။

credit #s_m

No comments

Powered by Blogger.