ဒီအချက်တွေ လက်ခံနိုင်မှ ကျမဘဝထဲ ဝင်ခဲ့ပါ..
မိန်းမကောင်း တစ်ယောက်တွက် အိမ်ထောင်တစ်ခုဆိုတာ...
ဒီအချက်တွေ လက်ခံနိုင်မှ ကျမ ဘဝထဲ ဝင်ခဲ့ပါ။ ကျမ ဘဝထဲဝင်တဲ့ နေ့ကစပြီ...*အိမ်ထောင်မှု... ဘုရားတည်... ဆေးမှင်ကြောင်... စုတ်ထိုး.. ဆိုတဲ့ စကားပုံလေးကို အသက်နဲ့ထက်တူ တန်ဖိုးထား ပေးပါ။ မြန်မာ မိန်းခလေး တျောက်တွက် တစ်အိမ်ထောင် တစ်စနစ်ဆိုတာ အရမ်း အရေးကြီး လို့ပါ။
ရှင့်ရဲ့ မနက်စာနဲ့ တနေ့တာတွက် ပြင်ဆင်ပေးသူက ကျမပဲ ဖြစ်ပါရစေ။ အရင်က ဘယ်လိုနေနေ ကျမနဲ့ယူပြီးရင် အပြင်စာ တွေကို မမက်မောပါနဲ့။ အိမ်ထမင်း အိမ်ဟင်းကို ချက်ကျွေးမဲ့ ကျမရှိတယ်။ အတူနေတဲ့အခါ လျှာနဲ့သွားလို ကိုက်မိကြတဲ့ အချိန်လည်း ရှိမှာပဲ။ ရှင့်ကို ရိုင်းစိုင်း ဆဲဆိုပြီး ပွစိပွစိပြော ပြန်ခံအော်မဲ့.. မိန်းမထဲမှာတော့ ကျမ မပါဘူး။
နားလည် သဘောပေါက် ညှိယူပြီး ဖြေရှင်းပေးမဲ့သူမို့ ရှင့်ကို အမြဲ အရှုံးပေးသူလို့ ထင်ချင် ထင်လိမ့်မယ်။ ကျမဘဝရဲ့ အိမ်ဦးနတ် နေရာကို ရောက်လာရင် ရှင်က ကျမ ရိုသေလေးစား ရတဲ့သူပဲ။ ကျမ နားလည်ပေးမှုတိုင်းကို အနိုင်ယူလို့ရတယ် လို့တော့ အတွေးမချော်လိုက်နဲ့။ တန်ဖိုး သိတက်ပါစေ။ ညဏ်ပညာ ရှိပါစေ။ မိန်းမကိုနိုင်လို့ ရှင့်မှာ ဂုဏ်သိက္ခာရှိမှာ မဟုတ်ဘူး။ ကျမရဲ့နားလည်ပေးမှုကို တန်ဖိုးထားတက်ရင် ရှင် က ဂုဏ်သိက္ခာ အရှိဆုံးသူပဲ။
ရှင့်ရဲ့ အတိတ်တွေတွက် ကျမကို တောင်းပန်စရာ မလိုဘူး။ ရှင့်ရဲ့ အနာဂတ်ကို ယုံကြည်လို့ ကျမ ရှင့်ကိုလက်တွဲတာ။ ရှင့်ရဲ့ အတိတ်တွေတွက် ကျမက ခဲဖျက်ပဲ။ ရှင့်ရဲ့ အနာဂတ်တွက် ကျမက မှင်စက် ဆိုတာ မမေ့နဲ့။ ဘဝကို ခပ်ပေါ့ပေါ့ ဖြတ်သန်းတဲ့ထဲမှာ ကျမ မပါလို့။ သုညကစကလဲ ကျမ ရှင့်လက်ကို လွှတ်ချသွားမဲ့သူ မဟုတ်ဘူး။ ရှင့်ရဲ့ အခက်ခဲတိုင်းကို ဦးဆုံး သိခွင့်ရသူက ကျမ ဖြစ်ပါရစေ။
ကျမ ရှင့်အပေါ် တခါတရံ ခလေးလို ဆိုးမိချင် ဆိုးမိမယ်။ ကျမ အာ့လို စိတ်ဓာတ် ပျော့ညံသွားတဲ့ အချိန်တိုင်း ကျမစိတ်တွေ လျော့ချပြီး မိန်းမသားတျောက် ပုံစံမျိုး နေလိုက်တာ ရှင်တဦးတည်းရဲ့ ရှေ့ မှာပဲ ဆိုတာ မမေ့နဲ့။ ရှင့်ရဲ့ လုပ်ငန်းတိုင်းမှာ ကျမ နားလည် တက်ကျွမ်းအောင် သင်ပေးပါ။ အိမ်မှုကိစ္စက ကျမ တာဝန်ပေမဲ့ အိမ်ရဲ့ တဒေါင့်တနေရာက ကျမတွက် လုပ်ငန်းလုပ်ခွင့် ရှိတာကိုလည်း အလေးထားပေးပါ။
ရှင် အားငယ်တဲ့ချိန် လက်ကို ဆုပ်ကိုင် အားပေးမဲ့သူက ကျမပဲ ဖြစ်စေချင်တယ်။ အရက်သောက်တာ ကျမလုံးဝ မကြိုက်ဘူး။ တခါတရံ အပေါင်းသင်းနဲ့ ပျော်တာ ကျမ မပြောလို ဘူး။ အိမ်ကိုတော့ အချိန်နဲ့ ပြန်လာပေးပါ။ ကျမ သရဲကြောက်တက်တယ် 😂စတာ။ ခေါင်းမိုးမလုံရင် တံစက်မြိတ်လည်း လုံဖို့ ခက်သွာပြီ။ ကျမဘဝက ရှင့်ရဲ့ နေထိုင်မှုပေါ် မှူတည်ပြီး တန်ဖိုး ကွာသွားလိမ့်မယ်။ ရှင်တန်ဖိုးထား ဂရုစိုက်ရင် ကျမက အများ အမြင်မှာ မိဖုရားပဲ။ ရှင် တန်ဖိုးမထားရင် ကျမက အများအမြင်မှာ ဇရပ်တခုပဲ ဖြစ်နေလိမ့်မယ်။
ရှင့်ရဲ့ အဝတ်စား ရှင်ကိုယ်တိုင် လျော်စရာ မလိုဘူး။ ထမင်းစားပြီး ရှင့်ပန်းကန်ရှင် ဆေးစရာ မလိုဘူး။ ကျမပြင်ပေးတဲ့ ထမင်းဝိုင်းမှာပဲ စားပါ။ ရှင်ယူထားတဲ့ ကျမက မိန်းမပျင်း မဟုတ်ဘူး။ ကျမ လုပ်ပေးနိုင်တယ်။ ပြသနာဖြစ်တိုင်း အဆင်မပြေမှုတိုင်းတွက် ကွဲမယ် ကွာမယ် ဆိုတဲ့ စကားမျိုးကို ရှောင်ပေးပါ။ ကျမက မိကောင်းဖခင်သားသမီးမို့ ကျမအသက်ထက် ကျမ တည်ဆောက်ထားတဲ့ အိမ်ထောင်စုလေးကို တန်ဖိုးထား မြတ်နိုးတဲ့ မိန်းမကောင်းတျောက် ဆိုတာ မမေ့နဲ့။
ရှင့်မိဘက ကျမရဲ့ မိဘပဲ။ ကျမ မိဘကိုလည်း ရှင့် မိဘအရင်းတွေလို ရိုသေလေးစား ပေးပါ။ ဘဝ ဘယ်လိုပဲ ကြမ်းတမ်းပါစေ.. မျက်စိမှိတ် ခုန်ချ မဲ့ထဲမှာတော့ ကျမ မပါဘူး။ အတူ ကြိုးစား ရုန်းကန်ဖို့ သတ္တိရှိမှ ကျမကို ရွေးချယ်ပါ။ ကျမတို့နှစ်ယောက် ဘဝသာယာလှပဖို့ ကျမတို့ကိုယ်တိုင် တည်ဆောက်ရတာကိုပဲ ကျမသဘောကျ တယ်။ ချမ်းသာတဲ့ ယောကျာ်းကို ကျမ မလိုချင်ဘူး။ ခံယူချက် ကြိုးစားမှု လုံလရှိတဲ့ ယောကျာ်းမျိုးပဲ ပိုင်ဆိုင် ချင်တယ်။
ရှင်က ကျမနဲ့လက်တွဲတဲ့ခါ အရာရာပြည့်စုံတဲ့သူ ဖြစ်နေဖို့မလိုဘူး။ ရှင့်မှာ ရှိနေတဲ့ အရည်ချင်းတွေကို ပံ့ပိုးပေးမဲ့ သူက ကျမဖြစ်ချင်တယ်။ အောင်မြင်နေတဲ့ ယောကျာ်းတယောက်ရဲ့ နောက်မှာ သူ့ကို ပံ့ပိုးပေးတဲ့ မိန်းမတျောက် အမြဲရှိတယ်။ မိန်းမကောင်းတျောက်တွက် အိမ်ထောင်တခု ဆိုတာ သူမအသက်နဲ့ ထပ်တူ တည်ဆောက်ထားရတဲ့အရာ ဆိုတာ မမေ့ပါနဲ့။
credit Ei ThetPhyu





Post a Comment