Header Ads

မိန်းခလေးတွေ အချစ်ကို စိတ်ကုန်သွားတဲ့အခါ..


★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
1) ဂရုစိုက်မှုလေး ပေးဖို့ အောက်ကျခံပြီး တောင်းဆိုမှုတွေ ပြုလုပ်နေမှာ မဟုတ်တော့ဘူး 🙈

( မှန်တစ်ချပ်လို တုံ့ပြန်လိုက်ဖို့ဘဲ သူမ ဆုံးဖြတ် လိုက်လိမ့်မယ် )

2) ဖုန်းတွေ တဂွမ်ဂွမ်ဆက် မက်ဆေ့ခ်ျတွေ တဒေါင်ဒေါင်ပို့ အားအားယားယား အလုပ်တွေ ဆက်လုပ်မှာ မဟုတ်တော့ဘူး🙊

( သူ့ဘာသူ Online လေးတက် Facebook လေးသုံးနဲ့ သာယာတဲ့ ဘဝလေးမှာဘဲ နေနေလိမ့်မယ် )

3) အရည်မရ အဖတ်မရ စိတ်ဆိုးစိတ်ကောက် အလုပ်တွေ စကားနိုင်လုတာတွေ ငြင်းခုန်တာတွေ လုပ်မှာ မဟုတ်တော့ဘူး 🙈

( ပြီးပြီးရော ခေါင်းညိတ်လိုက်တာတွေ စကားယှဉ် မပြောတော့ဘဲ အသာလေး ရှောင်ထွက်သွားတာတွေ ရေငုံ နှုတ်ဆိတ်နဲ့ Silent talk တွေဘဲ သူလုပ်လာလိမ့်မယ် )

4) သာလိကာလေးလို ပကျိပကျိနဲ့ ရေပက်မဝင်အောင် စကားတွေ အသေအလဲပြောပြီး တွယ်ကပ်နေမှာ မဟုတ်တော့ဘူး 🙊

( မေးထူးခေါ်ပြော အဆင့်ထက် ပိုဖို့ မရှိတော့တာ သေချာပြီလေ )

5) Jealous ဖြစ်တာတွေ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ချုပ်ချယ်တာတွေ ရှိလာမှာ မဟုတ်တော့ဘူး 🙈

( သူ့ဘဝလေးနဲ့သူဘဲ နေတတ်အောင် နေလိမ့်မယ် ဘယ်သွားသွား ဘာလုပ်လုပ် စိတ်ပူတာတွေ ရပ်တန်းက ရပ်ပစ်လိုက်လိမ့်မယ် )


6) BFF တွေကို အရင်ကထက် ပိုတွယ်တာ ပိုပီး ချစ်လာလိမ့်မယ် 🙊

( လွတ်လပ်ပီး အပူအပင်ကင်းတဲ့ Free style ဘဝလေးကို ပြန်ရဖို့ဘဲ သူကြိုးစား လာလိမ့်မယ် )

7) သင်က သူ့ကို ချစ်ချစ် မချစ်ချစ် စိတ်ကို ဝင်စားမှာ မဟုတ်တော့ဘူး 🙈

( သူ့ကိုယ်သူဘဲ ချစ်တတ်သွားလိမ့်မယ် အရင်ကထက် ပိုပီး လှပပြည့်စုံတဲ့ မိန်းခလေးဖြစ်ဖို့ဘဲ သူလုပ်လာလိမ့်မယ် )

8) သင့်ဘက်က လမ်းခွဲစကား ပြောလည်း ရင်တုန်မှာ မဟုတ်တော့ဘူး🙊

( သူမဘဝထဲကနေ သင့်ကို အပြီးအပိုင် ထုတ်ပစ်ဖို့ လုံလောက်တဲ့ Reason အချို့ သူ့ဆီမှာ ရှိနေပြီးသား ဖြစ်နေလို့ဘဲလေ )

အနားမှာရှိနေတုန်း♡  တန်ဖိုးထားချစ်ပေးဖို့ မမေ့ပါနဲ့ ♡ သူတို့တွေက ဆီလီကွန် အရုပ်မတွေမှ မဟုတ်ဘဲလေ ♡

ချစ်ရင်😜 သူများထက် ပိုချစ် တတ်ကြတယ်။ စိတ်နာသွားပီဟေ့ဆို ✌ ရင်တော့ ပြတ်သားချက် 9++

Credit to original

No comments

Powered by Blogger.